အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် Zoom Online Training သင်တန်းဖွင့်လှစ်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း တည်ရှိသည့် အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ FFI (FAUNA & FLORA INTERNATIONAL)က Zoom Online Training ကို ဒီဇင်ဘာလ ၇ရက်နေ့မှစ၍ အပိုင်း(၃)ပိုင်းဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း FFI မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Field Coordinator ဦးဇော်မင်းထွန်းက ပြောကြားသည်။