ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာန ၌ ဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည် အကောင်းဆုံးဆုများ ချီးမြှင့်

ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာန ၂၀၂၀ ပြည့်နှစ်အတွင်း ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံး ဆုများ ချီးမြှင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

တာချီလိတ်မြို့တွင် နိုင်ငံတော်မှ ထောက်ပံ့မှုတစ်ကြိမ်မျှ မရရှိသေးသော အခြေခံလူတန်းစား အိမ်ထောင်စု ၃၃၈၅ စုကို အခြေခံစားကုန်များထောက်ပံ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသော အခြေခံ စားကုန်များနှင့် ထောက်ပံ့ကြေး တစ်ကြိမ်တခါမျှ မရရှိသေးသော အခြေခံလူတန်းစား အိမ်ထောင်စု ၃၃၈၅ စုအား ထောက်ပံ့လှူဒါန်း ပေးခြင်းကို ပါလျံဘုံကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

မံစီမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့မစျေး၌ ယနေ့နံနက် ၈ နာရီက မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြသည်။

ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များ ရေကြောင်းအာမခံထားရှိမှု အနည်းငယ်သာရှိဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသော ကုန်တင်ရေယာဉ်များနှင့် လူစီး အမြန်ရေယာဉ်များအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းတွင် ရေကြောင်းအာမခံထားရှိမှု အနည်းငယ်သာ ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီးရုံး)မှ ဒုတိယတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ထွန်း ၏ ပြောကြား ချက်အရ သိရသည်။

ထန်တလန်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စုစာရေးများ ထံသို့ ထောက်ပံ့ကြေးပေးအပ်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေ ကျပ်သိန်း ၉၃၆၀၀၀၀ အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး(၃)ဘာသာနှင့်အထက် ဂုဏ်ထူးရှင် ရှမ်းတိုင်းရင်းသား/သူများအား ဂုဏ်ပြုဆု‌ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၃) ဘာသာနှင့်အထက်ဂုဏ်ထူးရှင် ရှမ်းတိုင်းရင်းသား ကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်သည်။

မိုးမောက်မြို့ အ.ထ.က (ခွဲ) ကြံခင်းကျောင်းတွင် RCC (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း ပန္နက်တင် အခမ်းအနားကျင်းပ

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ အ.ထ.က(ခွဲ)ကြံခင်းကျောင်းတွင် RCC (၂)ထပ် ကျောင်းဆောင်သစ် ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ မင်္ဂလာအချိန်တွင် စတင်ကျင်းပရာ မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်း ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပန္နက်ရိုက်ခဲ့ကြသည်။

ဗန်းမော်မြို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ကျရောက်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဗန်းမော် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၌ အဓိကအရေးကြီးသည့် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign ပြုလုပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူ များအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတာဝန်ရှိသူများက Mask Campaign များကို ရပ်ကွက်များ၊ လမ်းများ အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက စျေးများ၊ လူစည်ကားရာနေရာများနှင့် ကားဂိတ်တို့တွင် ဆောင်ရွက် ခဲ့ကြသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Embassy of Denmark(Myanmar)မှ ကိုဗစ်-၁၉ ကော်မတီသို့ နှာခေါင်းစည်း(၄၀၀၀၀)ခု လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ ကန့်သတ်စောင့်ကြည့်စင်တာ များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Embassy of Denmark(Myanmar)မှ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ နှာခေါင်းစည်း (၄၀၀၀၀)ခု လှူဒါန်းခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က အင်းစိန်(GTI)ကန့်သတ်စောင့်ကြည့်စင်တာ(၁)တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to