ကရသူရိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ ပေးနိုင်ရေး သက်ဆိုင်ရာအဖွဲ့များဖြင့် ပြန်လည်စစ်ဆေး ကွင်းဆင်း ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ပြီးသည်အထိ ထပ်မံကျန် ရှိသည့် ထပ်တိုးအိမ်ထောင်စု များတင်ပြချက်အား မှန်ကန်မှုရှိ/မရှိ ပြန်လည်စစ်ဆေးဆောင်ရွက် ခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။