တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၂/၂၀၂၀) ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၂/၂၀၂၀) အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

လွိုင်ကော်မြို့နယ် ပညာရေးကောလိပ် (Community Based Facility Quarantine Center) တွင် လျှပ်စစ်မော်တာပန့်များ ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း

လွိုင်ကော်မြို့နယ် ပညာရေးကောလိပ်တွင် ဖွင့်လှစ်ထားရှိသော Community Based Facility Quarantine Center တွင် အသုံးပြုလျက်ရှိသည့် လျှပ်စစ်မော်တာပန့်များ ပြုပြင်ဆောင်ရွက်နိုင်ရန် အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ လျှံထူးအောင် ကုမ္ပဏီမှ ငွေကျပ်(၁၀)သိန်းအား လာရောက်လှူဒါန်းရာ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် ထီးတန်း​စျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ​ဆောင်ရွက်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဈေးနှင့် ထီးတန်းလမ်းမ တစ်လျှောက်၊ သီတာရပ်ကွက်ထိ ပျံကျ​စျေး​ရောင်းချရာ​နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေးအတွက် mask တပ်ဆင်ပြီးသွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာ ရန် အသိပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ သည်။

မရမ်းကုန်းမြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မြို့နယ်ဖွံ့ဖြိုးတိုးတက်သာယာလှပစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်များဖြစ်လာ စေရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ် ကျောင်း​ရေပူကျေးရွာတွင် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ကရင်ပြည်နယ် ​လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေ​သော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် အထက်​ရေပူကျေးရွာအုပ်စု ​ကျောင်း​ရေကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်​နေ့က ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။

ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းများတွင် ​စေတနာ့ ဝန်ထမ်းအဖြစ်​ ဆောင်ရွက်​ပေးခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်

ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centre (၃၈ လမ်းဓမ္မာရုံ) တွင် ယမန်​​နေ့ နံနက်(၁၀) နာရီက မြို့နယ်အဆင့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲ အခမ်း အနားကို ပြုလုပ်​ပေးခဲ့​ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ကော်ဖီသီးနှံများ ရင့်မှည့်လာပြီဖြစ်၍ တောင်သူများ စတင်ဆွတ်ခူး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေး လုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စီးပွားရေး လုပ်ငန်းအရ သီးနှံများစွာရှိသည့်အတွက် ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းလည်း တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရပါသည်။

လှိုင်မြို့နယ်(၅)ရပ်ကွက်၊ အေးရိပ်မွန်(၅)လမ်း၊ ဖြူးမဟာစည် ရိပ်သာဘေးတွင် အော်ဂဲနစ်စျေးတန်း ပြန်လည်ဖွင့်လှစ်​ရောင်းချလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ၅ ရပ်ကွက်​ အေးရိပ်မွန်(၅)လမ်း၌ ယခင်က ကြာသပတေးနေ့ များတွင် ဖွင့်လှစ်​ရောင်းချခဲ့သော အော်ဂဲနစ်စျေးတန်းအား ကိုဗစ်-၁၉​ရောဂါ ဖြစ်ပွားမှုများပြား​နေချိန်များတွင် ​ခေတ္တရပ်ဆိုင်း ထားခဲ့ပြီး ယခုအခါ ဒီဇင်ဘာလ ၂၇ ရက်​နေ့မှ စတင်၍ ဖွင့်လှစ်​ရောင်းချခဲ့​ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ လွှဲပြောင်းပေးသည့် တရုတ်နိုင်ငံသား(၄)ဦးထံ၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

မန္တလေးမြို့ (ဗဟို)အကျဉ်းထောင်၌ လဝကအက်ဥပဒေပုဒ်မ -၃(၁)၁၃(၁)အရ အပြစ်ဒဏ်ကျခံထားရသော တရုတ်နိုင်ငံသား (၅)ဦးသည် ပြစ်ဒဏ်စေ့၍ ဒီဇင်ဘာလ (၂၈)ရက်နေ့ က မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တရုတ်နိုင်ငံ၊ ရွှေလီပြည်ဝင်/ပြည်ထွက် နယ်စပ်ကာကွယ်စစ်ဆေးရေးဌာနထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကျန်းမာရေးစစ်ဆေးခဲ့ရာ (၄)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

(အ-ထ-က)တလုတ္ထော် Quarantine Centre ၌ အသုံးပြုရန် ခြေနင်းလက်ဆေး ဘေစင်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ quarantine center များတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ခြေနင်းလက်ဆေးဘေစင်(၂)လုံးတွဲကို ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များမှ သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။
Subscribe to