မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရေကြည်မြို့နယ်တွင် မိုးစပါး ပေါ်ဆန်းဘေးကြား စံကွက်ရိတ်သိမ်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်မိုးစပါးရာသီတွင် ရာသီစပါး ပေါ်ဆန်း ဘေးကြား စပါးမျိုးအား စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေကြည်မြို့နယ် နွားရေတိုက် ကျေးရွာ အုပ်စု ကွင်းအမှတ် (၈၃၁) ဦးပိုင်အမှတ် (၃၀/၁) တောင်သူဦးမင်းနိုင် စိုက်ပျိုးထားသော ပေါ်ဆန်းဘေးကြားစပါးကွင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်းရှိ အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် သက်ငယ်မုဒိမ်း ဖြစ်ပွားခဲ့သော မိသားစု အတွက် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် သက်ငယ် မုဒိမ်းဖြစ်ပွားခဲ့သော မိသားစုအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများနှင့် မိသားစု၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ပြည်မြို့တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း (အွန်လိုင်း) အစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ယမန်နေ့ နံနက်ပိုင်းက ခရိုင်ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း (အွန်လိုင်း)အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ နှမ်းအထွက်နှုန်းလျော့ပြီး စျေးကောင်းမရဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ ရာသီဥတု ကြောင့် နှမ်အထွက်နှုန်းများလျော့ နည်းပြီး စျေးကောင်းမရရှိသဖြင့် အခက်အခဲများစွာကြုံတွေ့ နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မိုင်းယုမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေကြသည့် တည်ဆောက်ရေးလုပ်အား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကော်မတီအဖွဲ့များက ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ညောင်လေးပင်မြို့နယ် ပညာရေးမှူးရုံးမှ ဆရာ/ဆရာမများအတွက် ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းသင်တန်းများနှင့် လုပ်ငန်းများချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ပညာရေးမှူးရုံးတွင် ဒီဇင်ဘာ ၂၉ ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်ကာလ အတွင်း အွန်လိုင်းသင်တန်းများနှင့် E-mail အသုံးပြုဆောင်ရွက် ရမည့် လုပ်ငန်းများချိတ်ဆက် ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများ ၏ E-mail လိပ်စာများ ကြိုတင်ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။

မော်လိုက်ခရိုင်အတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး မူလရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်း တင်ဒါဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု/ တိုင်းဒေသကြီး မူလရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် လုပ်ငန်းသုံးပစ္စည်း တင်ဒါဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မော်လိုက်မြို့ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်တွင် ဆောင်းမြေပဲမျိုးစေ့ထုတ်ကွက် စိုက်ပျိုးခြင်းနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးခြင်းအား စိုက်နည်းစနစ် မှန်ကန်ရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးတို့ အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ

ကော့မှူးတွင် Mask တပ်ဆင်ရေးအဖွဲ့များခွဲ၍‌ နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိ‌စေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက လူစည် ကားရာနေရာ များဖြစ်သော ဗိုလ်ချုပ်လမ်းမကြီး‌ပေါ်တွင် အဖွဲ့များ ခွဲ၍ နှာခေါင်းစည်း Mask မတပ်ဆင် ဘဲသွားလာ‌နေသူများကို နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရ သည်။
Subscribe to