ထီးချိုင့်မြို့နယ်တွင် ဆောင်းမြေပဲမျိုးစေ့ထုတ်ကွက် စိုက်ပျိုးခြင်းနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးခြင်းအား စိုက်နည်းစနစ် မှန်ကန်ရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးတို့ အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ

ကော့မှူးတွင် Mask တပ်ဆင်ရေးအဖွဲ့များခွဲ၍‌ နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိ‌စေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက လူစည် ကားရာနေရာ များဖြစ်သော ဗိုလ်ချုပ်လမ်းမကြီး‌ပေါ်တွင် အဖွဲ့များ ခွဲ၍ နှာခေါင်းစည်း Mask မတပ်ဆင် ဘဲသွားလာ‌နေသူများကို နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး အသိပညာပေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရ သည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ဒီဇင်ဘာ ၂၉ ရက် ၊ ယနေ့ နံနက် ၁၁ နာရီခွဲက ပက်အပြည်ပြည်ဆိုင်ရာ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှုရန်ပုံငွေ အဖွဲ့အစည်း- PGMF (ပွင့်ဖြူမြို့နယ်)မှ မန်နေဂျာ ဒေါ်ဥမ္မာသင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့နယ် အဆင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံသို့ လာရောက်ပြီး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ တနင်းသ‌ရောကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း)တွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ စတင် အကောင်အထည်ဖော်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စု၊ တနင်းသရောကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကမ္ဘာ့ဘဏ်အကူအညီဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့တွင် မြသုခ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်အမှုဆောင်ဒါရိုက်တာအဖွဲ့နှင့် အသင်းသားစာရင်းစစ်အဖွဲ့ ရွေးချယ်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ “မြသုခ” အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အရပ်ဆိုင်ရာအစည်းအဝေးနှင့် အစုပေါ်အမြတ်၊ စုဆောင်းငွေပေါ်အတိုး နှင့်အမှတ်တရပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ က ပင်းတယမြို့ သမဝါယမအသင်းစုလီမိတက် “သက်တန့်ရောင်”ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မံစီကြီးကျေးရွာအုပ်စု၌ စမ်းသော်သာ အခွန်လွတ်စျေးဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံစီကြီးကျေးရွာအုပ်စုတွင် စမ်းသော်သာ အခွန်လွတ်စျေးရောင်းချ ဖွင့်လှစ်ပွဲကို အဆိုပါမုခ်ဦးရှေ့၌ ယမန်နေ့မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာတွင် စိုက်ပျိုးလျက်ရှိသည့် ဒေသထွက် ဂေါ်ဖီပန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော်လည်း စျေးနှုန်းများကျဆင်း

လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာတွင် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံအဖြစ် ခရမ်းချဉ်သီး၊ ဂေါ်ဖီပန်း၊ ဂေါ်ဖီထုပ်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိသည်။

နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး နမ္မတူမြို့နယ်၌ ဒဏ်ငွေရိုက်ကာ ကြပ်မတ်ဆောင်ရွက်

နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက် ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့မဈေးအနီးရှိ ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့သည်။

တနင်္သာရီ၌ ဆေးရောင်းချခွင့်လိုင်စင်နှင့် မှတ်ပုံတင်မထားသည့်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်များတွင် ဆေးရောင်းချ ခွင့်လိုင်စင် ရှိ/မရှိနှင့် မှတ်ပုံတင်မထားရှိသောဆေးဝါးများ ရောင်းချ နေခြင်း ရှိ/မရှိ၊ တားမြစ် ဆေးဝါးများ တရားမဝင်ရောင်းချနေခြင်း ရှိ/မရှိ အခြေအအနေ အမှန်ကို သိရှိနိုင်ရန် မြို့နယ်ဆေးဝါး ကြီးကြပ်ရေးအဖွဲ့မှ ယနေ့ နံနက် ၉ နာရီ အချိန်က မြို့ပေါ် ရပ်ကွက်ဖြစ်သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိဆေးဆိုင်များသို့ ရုတ်တရက် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

စေတုတ္တရာမြို့နယ် ကြီးဝကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုငွေကျပ်(၆၃.၅)သန်းဖြင့် ကျေးရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက် လျက်ရှိရာ ကြီးဝကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to