ဧရာဝတီဖောင်ဒေးရှင်းမှ ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးရုံသုံးအထောက်အကူပြုပစ္စည်း များ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဧရာဝတီဖောင်ဒေးရှင်းမှ ဆေးရုံသုံး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ရေကြည်မြို့နယ် ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ပန်းမုံလာစိုက်ပျိုးတောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းချေးငွေဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ရာသီ ပေါ်သီးနှံ ပန်းမုံလာ စိုက်ပျိုး တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးတောင်သူများအား MEB (Two Step Loan ) ချေးငွေ အစီအစဉ်ဖြင့် ငွေကျပ်သန်းခြောက်ထောင်လျာထားပြီး ချေးပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးတောင်သူများအတွက် MEB(Two Step Loan ) ချေးငွေ အစီအစဉ်ဖြင့် ငွေကျပ်သန်းခြောက်ထောင်လျာထားပြီး ချေးပေးလျက်ရှိရာ အဆိုပါ ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ(မန္တလေး) မှ တဆင့် ထုတ်ချေးပေးလျက်ရှိပြီး လက်ရှိတွင် ငွေကျပ်(၄၁၇ဒသမ၁၆) သန်း ထုတ်ချေးပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(မန္တလေး) မှ သိရသည်။

မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု ကုက္ကိုစုကျေးရွာတွင် မြစ်ကမ်းပါးပြိုကျသဖြင့် စိုးရိမ်ရသည့် နေအိမ်များအား ပြောင်းရွှေ့နေထိုင်ရန်စီစဉ်ဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ ကုက္ကိုစုကျေးရွာတွင် မြစ်ရေတိုက်စားခြင်းနှင့် မြစ်ကမ်းတည်ငြိမ်မှုမရှိသဖြင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်သဖြင့် မြစ်ကမ်းနှင့် နီးကပ်သည့် စိုးရိမ်ရသော နေအိမ်များအား ပြောင်းရွှေ့နေထိုင်ရန်အတွက် ယမန်နေ့ နေ့လယ်ပိုင်းက မအူပင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ရပ်မိ၊ ရပ်ဖများ ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

ရေးမြို့တွင် နဝမကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် နဝမကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက Kl & Family Royal Guest House ရှိ သူကြီးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အစားအစာဘေးကင်းလုံခြုံရေးစီမံကိန်းဖြင့် စိုက်ပျိုးသော စိုက်ခင်းများကွင်းဆင်းစစ်ဆေး ကြက်သွန်နီ သဘာဝပိုးသတ်ဆေးပြုလုပ်နည်းပြသ

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာအုပ်စု မြောင်းသစ်ကျေးရွာတွင် အစားအစာ ဘေးကင်းလုံခြုံရေး စီမံကိန်း(Food Safety Project)ဖြင့် သီးနှံများစိုက်ပျိုးနေ သော တောင်သူများထံသို့ စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝ ပိုးသတ်ဆေး လုပ်နည်းနှင့် အောင်မြင်ဖြစ်ထွန်းနေသော သီးနှံစိုက်ခင်းများကို ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တီးတိန်၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်သည်။

အုတ်ဖိုမြို့နယ်တွင် မီးဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ အောင်သပြေ ကျေးရွာတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ အချိန်က မီးလောင်မှုဖြစ်စဉ်မှ မီးဘေးသင့်အိမ်ခြေ(၇)လုံးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယနေ့နံနက် ၁၀နာရီအချိန်က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီများနှင့် တွေ့ဆုံဆွေးနွေး

ဒေသဖွံ့ဖြိုးရေးကွန်ယက် (LDN) မှ ပြည်သူလူထုကိုယ်တိုင် ဦးဆောင်သော ဖွံ့ဖြိုးရေးကို မြှင့်တင်ခြင်းဆိုင်ရာ စံနမူနာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုးရွာသွန်းမှု နည်းပါးခဲ့၍ ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ တောင်သူလယ်သမားများ စပါးမ စိုက်ပျိုးရမှု နှစ်နှစ်ရှိခဲ့

မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာမှ တောသူလယ်သမား များ စပါး မစိုက်ပျိုးခဲ့ရသည်မှာ နှစ်နှစ်ရှိနေပြီး မိုးဦးကာလ စိုက်ပျိုးသီးနှံများလည်း ဖြစ်ထွန်းအောင်မြင်မှု နည်းပါးကြောင်း ဒေသခံများထံက သိရသည်။
Subscribe to