တိုက်ကြီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ် ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှင့်အညီ ရောင်းချ ခြင်းရှိ/မရှိ စစ်‌ဆေးခြင်း ဈေးဝယ်သူများ နှာခေါင်းစည်းများ စနစ်တကျ တပ်ရန် နှိုးဆော်ခြင်း၊ ဈေးလမ်းမများကို ထုံးဖြူးခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း တို့ကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသ​ရေး လုပ်ငန်းများအား အထောက်အကူပြုစေရန်နှင့် ရောဂါကူးစက်ခံရသူများအား အသက်ကယ်တင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သော အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများအား ယမန့်နေ့ နေ့လယ်(၃)နာရီက အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗန်းမောက်-ပန်းတောလမ်းပိုင်းပေါ်ရှိ အရှည်(၁၅၀)ပေ ခေါပုတ်ချောင်းကူး တံတားတည်ဆောက် ရန် ပန္နက်ရိုက် အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဗန်းမောက်-ပန်းတောလမ်းပေါ်ရှိ အရှည် (၁၅၀)ပေ နောင်မဲ့လုံကျေးရွာနှင့် လေးသီ ကျေးရွာကြား ခေါပုတ်ချောင်းကူးတံတား နှစ်လွှာတစ်ထပ်ဘေလီတံတား တည်ဆောက်နိုင်ရန် အတွက် ပန္နက်ရိုက် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၁ ခုနှစ်မတ်လအတွင်း၌ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက(၁၇၅)ဧက စိုက်ပျိုးသွားမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝါသီးနှံစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုး ထုတ်လုပ် နိုင်ရန် ရည်ရွယ်၍ မိုးကြိုချည်မျှင်ရှည်ဝါအထူးဇုန်ဧက (၃၅၀)ကို ၂၀၂၁ ခုနှစ် မတ်လ အတွင်း စိုက်ပျိုးသွားရန် လျာထားခဲ့သော်လည်း ရေရရှိမှုအခက်အခဲများကြောင့် အထူးဇုန်ဧက (၁၇၅)ဧက သာ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။

ကရင်ပြည်နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကိုOnline Virtual Meeting ဖြင့် ကျင်းပ

ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက Online Virtual Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအခြေခံပညာအလယ်တန်း‌ကျောင်း၌ ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဝန်ကြီးဌာန၏ နှစ်စဉ်ခွင့်ပြုရန်ပုံငွေဖြင့် ဒေသနေပြည်သူများ၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာ သစ်မြို့ ကွီးလေးကျေးရွာအုပ်စုရှိ ကွီးလေး ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၏ အန္တရာယ် ရှိသော ကျောင်းဆောင်အဟောင်းဖျက်သိမ်း၍ ကျောင်းဆောင် သစ်တည် ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျိုက်မ​ရောမြို့နယ် ​ကျေးရွာချင်းဆက် လမ်း​များ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း​ ဆောင်ရွက်​နေမှု ကွင်းဆင်းစစ်​ဆေး

ကျေးလက်​နေ ပြည်သူများ​ ကျေးရွာတစ်ရွာနှင့်တစ်ရွာ သွားလာရာတွင် အခက်အခဲမဖြစ်​ပေါ်​စေရန် ရာသီမ​ရွေးသွားလာနိုင်သည့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ် အတွင်းရှိ ဖနုံနှင့် ကျွဲခြံကျေးရွာလမ်းတို့ကို ဆက်သွယ်ထားသည့် ​ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်​ခြင်း ​​ဆောင်ရွက်​နေမှုကို ​မော်လမြိုင်​ ကျေးလက်လမ်းဦးစီးဌာနမှ လက်​​ထောက် ညွှန်ကြား​ရေးမှူး (မြို့ပြ) ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများယနေ့နံနက်(၁၀)နာရီခန့်က ကွင်းဆင်းကြည့်ရှု စစ်​ဆေးခဲ့​ကြောင်း သိရသည်။

ပန်ဆောင်မြို့အတွင်း စျေးဆိုင်များ၊ ကုန်စုံဆိုင်များမှ စားသုံးရန်မသင့်သည့် သက်တမ်းလွန်အစားအသောက်များ၊ ဆေးဝါးအတုများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အတွင်း ယနေ့နံနက် ၁၀ နာရီအချိန်တွင် စျေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to