နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကုန်းမြင့်လယ်ယာဧက (၂၀၀)ဖော်ဆောင်ပေးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကုန်းမြင့်လယ်ယာမြေ ဧက(၂၀၀)ကို ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။

ကြို့ပင်ကောက်မြို့ရှိ အခြေခံပညာကျောင်းအုပ်ဆရာကြီး ဆရာမကြီးများအား C4M ဆော့ဝဲလ် အသုံးပြုပုံ ဆင့်ပွား သင်တန်းဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြခံပညာကျောင်းအုပ်ဆရာကြီး ဆရာမကြီးများအား မိုဘိုင်းဖုန်း (C4M) ဆော့ဝဲလ်အသုံးပြုပုံ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းအား အထက (ပန်းတင်) ကျောင်းတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က စတင်ကျင်းပ ပြုလုပ်သည်။

တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ရှင်းလင်းပွဲ ဘောလခဲမြို့နယ်တွင် ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၏ နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program-NCMP) အား ဘောလခဲခရိုင်နှင့် မြို့နယ်တရားရုံးများတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင် ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တရားစီရင် ရေး မဟာဗျူဟာကီမံကိန်းအရ မှုခင်းစီမံခန့်ခွဲမှု အစဉ်အစီအား ရှင်းလင်းဆွေးနွေးပွဲအား ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် ယခုဘဏ္ဍာရေးနှစ်အတွင်း မြေလွတ်မြေရိုင်း ဧက(၁၀၀၀) ဖော်ထုတ်ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် မြေယာမဲ့တောင်သူများကို ဖြန့်ဝေပေးနိုင်ရန် မြေလွတ်မြေရိုင်း ဧက(၁၀၀၀)ကို ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။

မိုင်းခုတ်မြို့၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် စည်ပင်သာယာရေးဦးစီးဌာနမှ ပထမ (၆)လပတ် ငွေလုံး ငွေရင်းဖြင့် မြို့တွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် ဖိုးခမှီဒေါင့်ကျေးရွာ၌ မောင်နှမသုံးဦး သေတ္တာထဲဝင်ရောက် ကစားရာမှ အသက်ရှူကြပ် သေဆုံးမှုဖြစ်ပွား

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဖိုးခမှီဒေါင့်ကျေးရွာတွင် မောင်နှမသုံးဦး သေတ္တာထဲဝင်ရောက်ကစားကြရာမှ အသက်ရှူကြပ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး Mask Campaign ပြုလုပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ချုပ်ရ​ဒေသ လေရှိးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံ နက် ၁၀ နာရီအချိန်တွင် အောင်မင်္ဂလာ နှင့်ရေဒေါင်ကျေးရွာတို့တွင်မြို့နယ်ကျန်းမာရေးဦးနာနမှဦးဆောင်၍ ပြုလုပ်​ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထီးချိုင့်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးရုံး၌ လက်တွေ့လေ့ကျင့် ခဲ့ကြပါသည်။

လမ်းမတော်မြို့နယ်တွင် လုပ်ငန်းလိုင်စင်အသစ် ဝန်ဆောင်မှုလုပ်ငန်းများအား ဇန်နဝါရီ ပထမပတ်တွင် (ခန့်မှန်း) ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေမှု အ​​​ခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ ယမုံနာလမ်း၊ မော်တင် ယာယီစျေး ရပ်ကွက်ရှိ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ အငှားမော်တော်ယာဉ် လိုင်စင်အသစ် ဝန်ဆောင်မှုလုပ်ငန်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်း ဦးဆောင်၍ ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊ ဝမ်ပန်စံပြကျေးရွာ၌ ကျေးလက်ဒေသ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ မြို့မကျေးရွာအုပ်စု၊ ဝမ်ပန်စံပြကျေးရွာ၌ ကျေးလက်ဒေသ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား ယမန်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်ခန့်က ဝမ်ပန်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် စံပြကျေးရွာအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to