ကျောက်ပန်းတောင်းမြို့နယ် စီမံကိန်းဦးစီးဌာနရုံး (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ ပန္နက်တင်မင်္ဂလာကျင်းပ၊ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူတက်ရောက်

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စီမံကိန်းဦးစီးဌာနရုံးတွင် (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်(၉:၀၅)နာရီက ကျောက်ပန်းတောင်း-ရေနံချောင်း လမ်းမဘေးရှိ အဆိုပါ ဦးစီးဌာနရုံးဝန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး နှာခေါင်းစည်း တပ်ဆင်ခြင်း လှုပ်ရှားမှုဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် နှာခေါင်းစည်းတပ်ဆင်ခြင်း လှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို မြို့မဈေးရှေ့နှင့် မြို့မ‌ဈေး အတွင်း၌ ယနေ့ နံနက်ပိုင်း ၇ နာရီအချိန်က ဆောင်ရွက် လျက်ရှိသည်။

သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းကို ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး‌ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းအချိန်က သာကေတ မြို့နယ်တွင် စျေးရောင်းချနေသူများ၊ စျေးလာရောက် ဝယ်ယူကြသူများနှင့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် အထောက်ကူပြုစေရန်အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့် ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာ ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မလိုအပ်ဘဲ လူစုလူဝေးဖြင့် နယ်မြေကျော် သွားလာခြင်း မရှိစေရေးနှင့် အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေး အထူးကြပ်မတ် စစ်ဆေးလျက်ရှိ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ်အချိန်နှင့် တစ်ပြေးညီ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက် ပိုင်းမှစ၍ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မလိုအပ်ဘဲ လူစုလူဝေးဖြင့် နယ်မြေကျော် သွားလာခြင်း မရှိစေရေးနှင့် မြို့နယ်‌/ ရပ်ကွက်များအတွင်း နေအိမ်ပြင်ပသို့ ထွက်တိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူးကြပ်မတ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ကျောက်တန်းမြို့နယ်ရှိ ကျေးရွာများတွင် ကျေးရွာသန့်ရှင်းသာယာရေး စုပေါင်းအမှိုက်သိမ်းခြင်းနှင့် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်

ကျေးလက်နေ ပြည်သူများ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများ လျှော့ချနိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ကျေးရွာများတွင် အမှိုက် ကင်းစင်ရေး ပရဟိတအသင်းများမှ ဦးဆောင်၍ ယနေ့နံနက် ၇ နာရီမှ စတင်ကာ ကျေးရွာအတွင်း လိုက်လံပြီး စုပေါင်း အမှိုက်သိမ်းခြင်းနှင့် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

မြန်အောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြန်အောင် မြို့နယ်အတွင်း ကျေးလက်လမ်း (၄)လမ်း၊ တံတား(၄)စင်းနှင့်BoxCulvert (၂)ခု တည်ဆောက်သွားမည်

မြန်အောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြန်အောင် မြို့နယ်အတွင်း ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး ဖွံဖြိုးတိုးတက်စေရန် ကျေးလက်လမ်း (၄)လမ်း၊ တံတား(၄)စင်းနှင့် Box Culvert(၂)ခု တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာ၌ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၃၀)ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထု ဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း) တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဒီဇင်ဘာလ(၁၇)ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခု အချိန်တွင်(၃၀)ရာခိုင်နှုန်းပြီးစီးကြောင်း သိရသည်။

မြောင်းမြမြို့ ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မြောင်းမြခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါသည် ဒေသတွင်း ကူးစက်မှုများ ရှိလာသဖြင့် ကိုဗစ်-၁၉ အရေးပေါ် လူနာများ ထားရှိသည့် Isolation Ward အား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ခါးကော့ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ခါးကော့ကျေးရွာတွင် ယမန်နေ့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to