သဲကုန်းမြို့နယ်တွင်းရှိ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ဂွေးကုန်းကျေးရွာ အုပ်စု၊ သီးကုန်းကျေးရွာအပိုင်တွင်ရှိသည့် ၁၀ အိမ်စု အပိုင်မြေသားလမ်းလုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြိုင် မြို့နယ်အတွင်း ကျေးရွာများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်း ကျေးရွာများဖြစ်သည့် ထန်းဘူးတောကျေးရွာအုပ်စု ကန်ကြီးရိုးကျေးရွာနှင့် ကန်ကြီးကုန်းကျေးရွာများသို့ ယနေ့ နံနက် ၁၀ နာရီအချိန်မှစ၍ တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၈) ဦး ဆေးရုံဆင်းခွင့်ရရှိ

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသ စောင့်ရှောက်မှု ခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၈ ဦးသည် ရောဂါလက္ခဏာများ သက်သာပြီဖြစ်သည့်အတွက် ယနေ့ နံနက် ၁၀ နာရီခွဲက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက် လေ့ကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ က ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဇာတ်တိုက် လေ့ကျင့်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် မီးသတ်စခန်း၌ လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်ရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးဧက ၄၄၀ ကျော် အကျိုးပြုဖြစ်ထွန်းမည့် ကုန်ထုတ်လမ်းဖောက်လုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ညောင်ပင်-ကျည်းပင်ခုံကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးဧက (၄၄၀)ကျော် အကျိုးပြုဖြစ်ထွန်းမည့် ကုန်ထုတ်လမ်းတစ်လမ်း ဖောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သိရသည်။

မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုဗစ် -၁၉ ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများနှင့် Mask များ ဖြန့်ဝေခြင်း ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ် (၁) ရပ်ကွက်ရှိ တပင်ရွှေထီး​လမ်းစျေးတန်းတွင် ယနေ့နံနက် ၈ နာရီအချိန်က ပြည်သူများ ကိုဗစ်-၁၉ရောဂါမှကာကွယ်နိုင်ရန် အသိပညာပေးခြင်း လုပ်ငန်း များနှင့် Maskများ ဖြန့်ဝေပေးခြင်းလုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် ကိုဗစ်-၁၉ ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့်တာဝန်ရှိသူများ လိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဒလသင်္ဘောဆိပ်ကမ်း၌ ခရီးသွား မိဘပြည်သူများ၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ နှင့် လူသွားလူလာများပြားသော လမ်းဆုံလမ်းခွနေရာ များတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ သွားလာ နေကြသော ပြည်သူများအား ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းနှင့် မျက်နှာအကာများ အခမဲ့ ပေးဝေခဲ့ကြသည်။

ပင်လယ်ကမ်းနားရွာ တစ်ရွာဖြစ်သည့် တာညုံပါဒကျေးရွာအတွင်း ကျေးလက်ပြည်သူအိမ်ထောင်စုများသို့ အခြေခံစားကုန်များ လှူဒါန်း

ကော့သောင်းမြို့ရှိ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ တစ်စိတ်တစ်ဒေသအဆင်ပြေကြစေရန် မြို့နေ ပြည်သူများအား အခြေခံစားကုန်များ တစ်ပိုင်တစ်နိုင် အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့လှူဒါန်းလျှက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာပြည်သူများသို့ အခြေခံစားကုန်များ လိုက်လံဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဂန့်ဂေါတွင် ဆောင်းသီးနှံ အဖြစ် ဆီထွက်သီးနှံ နေကြာကို စိုက်ပျိုး

ဂန့်ဂေါမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာကို ယာမြေများတွင်လည်းကောင်း၊ မိုးစပါး အပြီး လယ်မြေများတွင်လည်းကောင်း စိုက်ပျိုးလျက်ရှိကြပြီး နေကြာကို သီးသန့် စိုက်ခင်းဖြင့် စိုက်ပျိုး သူများရှိသကဲ့သို့ ထောပတ်ပဲခင်းများတွင် သီးညှပ်အဖြစ် စိုက်ပျိုးသူများလည်းရှိကြောင်း သိရသည်။

ငပုတော မြို့မဈေး၌ ပြည်သူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာ အသုံးပြုစေရေး အသိပညာပေး လှုပ်ရှားမှု ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး အတွက် ပြည်သူများအနေဖြင့် နေအိမ် ပြင်ပသို့ သွားလာသည့် အခါတိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာ အသုံးပြုစေရေး အတွက် အသိပညာပေး လှုပ်ရှားမှုကို အားကစားနှင့် ကာယပညာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့မဈေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to