မြောင်းမြမြို့ ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မြောင်းမြခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါသည် ဒေသတွင်း ကူးစက်မှုများ ရှိလာသဖြင့် ကိုဗစ်-၁၉ အရေးပေါ် လူနာများ ထားရှိသည့် Isolation Ward အား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ခါးကော့ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်း

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ခါးကော့ကျေးရွာတွင် ယမန်နေ့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့ အမှတ်(၂)ရပ်ကွက်တွင် နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ အမှတ်(၂)ရပ်ကွက်တွင် ယမန်နေ့ ညနေ (၅)နာရီ ၁၅ မိနစ်အချိန် ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့် မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက် အပါ အဝင် မီးသတ်တပ်ဖွဲ့ဝင် (၁၇)ဦးမှ ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စစ်ယာဉ် (၁)စီးနှင့် မီးငြှိမ်းသတ်ယာဉ်( ၂)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၅ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများသို့ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး နည်းပညာပေး

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် တဲကြီးမြို့မနည်းပညာပြန့်ပွားရေးစင်တာများမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ နံနက်ပိုင်းက ဆင်တပ်ကျေးရွာ ကွင်းအမှတ်(၈၃၈)၊ (၈၄၂/၁၇၂၉) တောင်သူဦးဆွေ၊ ဦးသက်၊ ဦးညွန့်ဝင်းတို့၏ ဆောင်းသီးနှံ တိုင်ထောင်ပဲ (ဧကရီ-111)၊ ခရမ်းချဉ်( 909) စိုက်ခင်းများသို့ သွားရောက်၍ အစား အစာများ ဘေးအန္တရာယ်ကင်းရှင်းစေရန် နည်းပညာ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၆၀)ဦး ထပ်တိုး

မကွေးတိုင်းဒေသကြီးတွင် ယခုလ ၂၅ ရက် ည ၈ နာရီမှ ယနေ့ ည ၈ နာရီအထိ အချိန် ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာသစ် (၆၀)ဦး ထပ်တိုးတွေ့ရှိခဲ့တာဖြစ်ပြီး တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း (၂၄၃၆) ဦးထိ ရှိပြီဖြစ် ကြောင်း မကွေးတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရသိရသည်။

ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာကန့်သတ် ထားသူများတွင် အမျိုးသားတစ်ဦး၌ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်း Facility Quarantine Centre ရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရသူများတွင် အမျိုးသားတစ်ဦး၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အမျိုးသားတစ်ဦး တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Facility Quarantine စင်တာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေသူ ကုန်တင်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၆)ဦးအား ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေး ဝန်ထမ်းများမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အမျိုးသားတစ်ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ် မြကျိုင်းတောင်စေတီတော်မြတ်ကြီးအား လျှပ်စစ်မီးတပ်ဆင်နိုင်ရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာအနီးရှိ မြကျိုင်းတောင်စေတီတော်မြတ်ကြီးအား ၂၄ နာရီ လျှပ်စစ်မီး သွယ်တန်းတပ်ဆင်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာအချို့တွင် ရေအရောင်ပြောင်းလဲခြင်း ဖြစ်ပေါ်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများအား အသိပေးရှင်းလင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ကမ်း ကျေးရွာများရှိ ရေတွင်းရေကန် အင်းအိုင်အချို့တွင် ရေအရောင် ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ကျေးရွာသူ၊ ကျေးရွာသားများအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပန်းကုန်းကျေးရွာအုပ်စု၊ ကော့ပတိုင်ကျေးရွာ အလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အား မရရှိသေးသူပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ကျောက်စုကျေးရွာတွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ရေးအတွက် ယနေ့နံနက် ၁၁ နာရီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
Subscribe to