ညောင်ရွှေမြို့၌ အသွားအလာကန့်သတ်ထားသူ (၅၄)ဦး၏ ဓာတ်ခွဲနမူနာများရယူ
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ အသွားအလာ ကန့်သတ်စောင့်ကြည့် ထားသူ (၃၉)ဦး၊ ဟိုတယ်၌ အသွားအလာကန့်သတ်စောင့် ကြည့်ထားသူ (၁၂)ဦး၊ နေအိမ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့် ထားသူ သုံးဦး စုစုပေါင်း ၅၄ ဦး ကို ဓာတ်ခွဲနမူနာများရယူ၍ လည်းကောင်း၊ ကိုဗစ်-၁၉ရောဂါ ရှိ၊ မရှိ စစ်ဆေးအတည်ပြုနိုင်ရန် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။