ထားဝယ်မြို့တွင် တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းအား လူအုပ်စုတိုင်း/ ကလေးတိုင်းသို့ ရောက်ရှိနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများအား အသိပေး တင်ပြခြင်း အခမ်းအနား ကျင်းပ
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအား လူအုပ်စုတိုင်း/ကလေးတိုင်းသို့ ရောက်ရှိနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများအား အသိပေးတင်ပြခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။