ကျွန်းစုကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်၀န်း) တွင် ရွာတွင်းဂဝံမြေသားလမ်း ခင်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့၊ ကြက်တူရွေးကျေးရွာအုပ်စု၊ ကျွန်းစုကျေးရွာ ရွာတွင်းဂ၀ံမြေသားလမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ (၃၀)ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။