မိုးနဲမြို့၌ လူထုကျန်းမာရေးလုပ်သား အခြေခံသင်တန်းဖွင့်ဆင်းပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် မာရီစတုပ်(စ်)မြန်မာ (MARIE STOPES MYANMAR)နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှု များကို လူတိုင်းလက်လှမ်းမီမီ ရရှိနိုင်စေရေးအတွက် လူထုကျန်းမာရေးလုပ်သားအခြေခံသင်တန်း (CHW Basic Training)ဆင်းပွဲ အခမ်းနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။