ကိုကိုးကျွန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောပြည်သူများအား ထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြိုယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်ကာလအတွင်းပုံမှန် ဝင်ငွေမရှိသည့်ပြည်သူလူထုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

ကျွန်းစုမြို့တွင် Online မှ ပြည်သူ့အကျိုးပြု သမဝါယမလုပ်ငန်းအကြောင်း အသိပညာပေး (Talk Show) အစီအစဉ် ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ပူးပေါင်းပြီး ပြည်သူ့အကျိုးပြု သမဝါယမလုပ်ငန်းအကြောင်း အသိပညာပေး (Talk Show)ကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင်မှုဆောင်ရွက်

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် မြဝတီခရိုင် မီးသတ်ဦးစီးဌာနနှင့် သင်္ဃန်းညီနောင် မြို့သစ်လူမှု ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်များသည် အချိန်အခါမရွေး ဖြစ်ပွားနိုင်သည့်အတွက် ရင်ဆိုင်ရသည့် အချိန်တွင် ထိခိုက်နိုင်ခြေ၊ ထိတွေ့နိုင်ခြေတို့အား လျော့နည်းစေရန်နှင့် သဘာဝဘေးအန္တရာယ်အား ကြံကြံခိုင်ရင်ဆိုင် တုံ့ပြန်နိုင်ကြရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ငလျင်ဘေးအန္တရာယ် ဇာတ်တိုက် လေ့ကျင့်မှုကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်မရော မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (TALK SHOW) ပြုလုပ်

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာ ပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပြုလုပ်ခဲ့သည်။

ဖရူဆိုမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ပြန်လည်ရွေးချယ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများဖြင့် ယမန်နေ့ ညနေ ၄ နာရီအချိန်ကဆောင်ရွက်ခဲ့သည်။

ဂန့်ဂေါမြို့မှ ပါရမီရှင်နာရေးကူညီမှုအသင်းက လူနာများအတွက် အောက်ဆီဂျင်ဘူးများ လှူဒါန်းလျက်ရှိ

ဂန့်ဂေါမြို့၏ လူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် ပါရမီရှင်နာရေးကူညီမှုအသင်းသည် လူသား များအတွက် အထူးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်ဘူးများကို လွယ်လင့်တကူ ရရှိနိုင်ရန်အတွက် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလမှစတင်ကာ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသည့် မလှိုင်မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်း သားသမီးများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

၂ဝ၂ဝ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသော မလှိုင်မြို့နယ် ပညာရေးဌာနမှ ဝန်ထမ်း သားသမီးများအား ပညာရေးဝန်ကြီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲကို ဒီဇင်ဘာ ၂၄ ရက်နေ့က မလှိုင်မြို့နယ်ပညာရေးမှူးရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

မယ်စဲ့မြို့နယ် လမ်းဆုံကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ပြန်လည်ထုတ်ချေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လမ်းဆုံကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ဆဌမအကြိမ် ချေးငွေပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီက လမ်းဆုံကျေးရွာခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေး ကော်မတီအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအား မြို့နယ်စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ကျင်းပသည်။
Subscribe to