တပ်ကုန်းမြို့နယ်တွင် စပါးရိတ်သိမ်းသရုပ်ပြခြင်းနှင့် ကောက်ရိုးစု၊ကောက်ရိုးထုံးစက်တို့ဖြင့် သရုပ်ပြခြင်းဆောင်ရွက်
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပေါ်ဆန်းဘေးကြား စပါးရိတ်သိမ်းသရုပ်ပြခြင်းနှင့် ကောက်ရိုးစု၊ ကောက်ရိုး ထုံးစက်တို့ဖြင့် သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်မင်းရောင် အုပ်စု၊ ကွင်းအမှတ် (၁၃၁၉) ကွင်း၊ တောင်သူ ဦးတင်ထွန်းအောင်၊ ဦးစိုးနိုင်တို့ ပိုင်ဆိုင်သည့် မိုးစပါး ကောက်စိုက်စက် စံပြစိုက်ခင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။