မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ မြင်းခြံမြို့ သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ ပစ္စည်းလေးပါးဆပ်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများဖြစ်သော လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြင်းခြံမြို့ မင်းကျောင်းတိုက် ဆန္ဒတော်ပြည့်သာသနာ့ ဗိမာန်တွင် မြင်းခြံခရိုင်အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဆရာတော်ကြီးများ ထံမှ ဩဝါဒခံယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ပညာရေးဌာနနှင့်ပူးပေါင်းအဖွဲ့မှ လူထုလှုပ်ရှားမှု(Mask Campaign) ပညာပေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ် ပညာရေးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊

အာရောဂျသုခလူမှုကူညီရေးအသင်းသို့ အရေးပေါ်လူနာတင်ယာဉ်တစ်စီးလှူဒါန်း

သာကေတမြို့နယ်၊ ၆/အရှေ့ရပ်ကွက်၊ ဝေဇယန္တာအရှေ့(၁၀)လမ်းရှိ အာရောဂျသုခ လူမှုကူညီရေး အသင်းသို့ ငွေကျပ်သိန်း (၈၀)တန် အရေးပေါ်လူနာတင်ယာဉ်တစ်စီးကို ယနေ့ နံနက်(၉)နာရီက အဆိုပါ အသင်းရုံးတွင် လှူဒါန်းခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ အဝင်အထွက်ကန့်သတ်ထားသည့် လမ်းများသို့ စေတနာရှင်များမှဆန်နှင့် စားသောက်ကုန်ပစ္စည်းများလှူဒါန်း

မော်လမြိုင် ကျွန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှု့ရှိသည့်လမ်းများအား ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဝင်အထွက်ကန့်သတ်သည့်လမ်းများအဖြစ် သတ်မှတ်ကြေညာထားရှိသည်။ မြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ (၄၂၈)ဦး ၊ ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းသူ( ၃၆၈ )ဦး ၊ လက်ရှိဆေးကုသမှု့ခံယူဆဲလူနာ( ၅၇ )ဦး ရှိပြီး သေဆုံးသူ(၃)ဦး ရှိသည်။ အ

ဝေါမြို့၌ မီးဘေးလုံခြုံရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ဝေါမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ဒီဇင်ဘာလ၁၉ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

နှမ်းအထွက်နှုန်းကောင်းသော်လည်း နှမ်းဈေးများ ကျဆင်းမှုကြောင့် နှမ်းစိုက်တောင်သူများ အဆင်မပြေ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် နှစ်ရှည်သီးနှံပင်များနှင့် ရာသီအလိုက် စိုက်ပျိုးရေးသီးနှံပင်များကို အဓိကထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

We Love Hlegu လူထုအခြေပြုပရဟိတအဖွဲ့မှ လက်သန့်ဆေးရည်(၈၀၀)ဘူးတို့ကို အခမဲ့ဝေငှ

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာနေရာတစ်ခုဖြစ်သည့် လှည်းကူးမြို့မဈေး၌ We Love Hlegu လူထုအခြေပြု ပရဟိတအဖွဲ့မှ လက်သန့်ဆေးရည်(၈၀၀)ဘူးတို့ကို ယနေ့ နံနက် (၈)နာရီက အခမဲ့ဝေငှခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်- (၁၉) ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မြို့နယ်ရဲတပ်ဖွဲ့ဝင် အရာရှိများ၊ အခြားအဆင့်များနှင့် စာရေးဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကွမ်းခြံကုန်းမြို့နယ်၊ ကန်လျားရှည်ကျေးရွာတွင် လောင်စာချွေမီးဖိုပြုလုပ်ခြင်း သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကန်လျားရှည်ကျေးရွာတွင် လောင်စာချွေ တာ အသုံးပြုနိုင်သည့် မီးဖိုပြုလုပ်သည့် သင်တန်းကို World view International Foundation (WIF) အဖွဲ့မှ ကျေးရွာ မူကြိုကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ယခုလ (၁၈)ရက်‌ နေ့က ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံအလုပ်ရုံများအား စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိစက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြသောစက်ရုံအလုပ် သမားများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမပေါ်စေရေး နှင့်ကိုဗစ်-၁၉ရောဂါထိန်းချုပ်နိုင်ရေးအတွက် ပေါက်တောကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာရှိ ကျော့ပိုးအိတ် ထုတ်လုပ်မှု စက်ရုံအား ယမန်နေ့နံနက်၁၁နာရီက တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
Subscribe to