ငါန်းဇွန်မြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုအား ကယ်ဆယ်ရေး ပစ္စည်းများထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် စီကောင်းကျေးရွာအုပ်စု ဘုံသာကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၁၈ပေ၊ ၁၈ပေ၊ သွပ်မိုးထရံကာ၊ မြေစိုက်) တစ်လုံး (လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိ) ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က အဆိုပါ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည့် အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရ သည်။

လက်ဖက်စနစ်တကျ ကိုင်းဖြတ်ခြင်းနည်းပညာမိတ်ဆက်ပွဲကို ခန္တီးမြို့နယ် ဟိန်စွန်းကျေးရွာတွင်ပြုလုပ်

လက်ဖက်စနစ်တကျကိုင်းဖြတ်ခြင်းနည်းပညာ မိတ်ဆက်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟိန်စွန်းကျေးရွာ တောင်သူဦးအုန်းကျော်၏ ဦးပိုင်အမှတ်(၉)၊ ဟိန်စွန်းပြင်ကွင်းတွင် ခရိုင်၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်းတွင် မြန်မာမုန့်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြားမည်

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သည့် မြန်မာမုန့်ပြုလုပ်နည်းသင်တန်းကို တံတားမြို့ အမှတ်(၁)ရပ်ကွက်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

၄ ခုမြောက် ဖျားနာကုသရေးဆေးခန်း Fever Clinic မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဖွင့်လှစ်

မန္တလေးမြို့တွင် ဖျားနာကုသရေးဆေးခန်း Fever Clinic ၄ ခုမြောက်အား မဟာအောင်မြေ မြို့နယ် ၄၁လမ်း လက်သမားရပ်တွင်ဓမ္မာရုံဝင်းအတွင်း ဒီဇင်ဘာလ ၁၈ရက်၊ ယမန်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့သည်။

ထီးချိုင့်မြို့နယ်တွင် တိုင်းဒေသကြီး တီဘီရောဂါ ကွင်းဆင်းရှာဖွေရေး အဖွဲ့နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်း၍ တီဘီရောဂါ ရှာဖွေဖယ်ထုတ်ကုသခြင်း ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ တီဘီရောဂါ ကွင်းဆင်းရှာဖွေရေး အဖွဲ့နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ ထီးချိုင့်မြို့နယ်အတွင်း တီဘီရောဂါ ရှာဖွေ ဖော်ထုတ်ကုသခြင်းကို ဒီဇင်ဘာ (၁၃) ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ကူးစက်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေး(VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်း၍ ကော်မတီဝင်များ ရွေးချယ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ညွန့်နှင့် ဝန်ထမ်းများက နှောပင်ကျေးရွာ၊ ဇလုပ်ကြီး ကျေးရွာနှင့် ကူးတို့ကုန်းကျေးရွာတို့တွင် ယမန်နေ့က (VDP) စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to