ငရုတ်ကောင်းမြို့၌ ကုန်စည်ပို့ဆောင်ရေး ယာဉ်ရပ်နားစခန်း ယာယီပြောင်းရွေ့ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာထိန်းချုပ်ရေးအနေဖြင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များအား မြို့ပြင်၌ သတ်မှတ်ထားသော ယာဉ်ရပ်နားစခန်းအား ယမန်နေ့က ယာယီပြောင်းရွေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ် ယာယီပျံကျဈေး၌ အသားငါးရောင်းချသည့် ဈေးဆိုင်များအား ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ပူးပေါင်းကာ ယနေ့ နံနက် ၆ နာရီခွဲက ယာယီပျံကျဈေး၌ အသားငါးရောင်းချ သည့် ဈေးဆိုင်များ အားရှောင်တခင်စစ်ဆေးခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြင်ပထွက်ခွာချိန်တိုင်း နှာခေါင်းစည်း မတပ်ဆင်သူများအား စစ်ဆေးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား စစ်ဆေးအရေးယူခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၁၀၈) ရပ်ကွက် ဦးဖိုးလှိုင်လမ်းနှင့် ကနောင် မင်းသားကြီးလမ်းထောင့်ရှိ ယာယီပျံကျစျေးနှင့် အမှတ်(၅)ရပ်ကွက် ယောမင်းကြီးလမ်းရှိ ယာယီ ပျံကျစျေးတို့တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ဒုတိယမြောက် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာတစ်ဦး ထပ်မံတွေ့ရှိကြောင်း ယမန်နေ့ ည (၈)အချိန်က သိရှိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံတွင် ဆောင်ရွက်ထားသော Community Based Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူများ၏ နေ့စဉ်အာဟာရအတွက် လာရောက်လှူဒါန်းသူမရှိသည့် နေ့များတွင် စေတနာ့ဝန်ထမ်း ( Volunteer) များမှ ချက်ပြုတ်စီစဉ်ပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် သိမ်ဖြူလက်ဝှေ့ရုံတွင် ဆောင်ရွက်ထားသော Community Based Facility Quarantine Centre တွင် အသွားအလာ ကန့်သတ်ထားသူများ၏ နေ့စဉ်အာဟာရ အတွက် အလှူရှင် များမှ လာရောက်လှူဒါန်းလျက်ရှိပြီး အလှူရှင်မရှိသည့် နေ့များတွင် Quarantine Centre ရှိ စေတနာ့ ဝန်ထမ်းများကိုယ်တိုင် ချက်ပြုတ်စီမံပေးလျက်ရှိကြောင်း သိရသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၁၀)ဦး ထပ်မံဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့၊ ညနေ (၆)နာရီ အချိန်က နေရပ်ပြန်ပြည်သူ(၁၀)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။

မိုင်းခတ်မြို့နယ် နမ့်မွဲကျေးရွာ၌ အမွှာမိန်းကလေးငယ်နှစ်ဦး မွေးဖွားသည့် မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် တုံဖကော်ကျေးရွာအုပ်စု၊ နမ့်မွဲကျေးရွာရှိ အမွှာမိန်းကလေးနှစ်ဦး မွေးဖွားသည့် မိသားစုဝင်များအား ထောက်ပံ့ပစ္စည်း ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်နှင့်် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိုင်းခတ်မေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများ သွားရောက်၍ အမွှာ ကလေးအတွက် လိုအပ်သည့်ပစွည်းများ ထောက်ပံ့ပေးခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိကို အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများအိမ်အပြင် ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်း နှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက် စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိ ရာ ယမန်နေ့ နံနက်ပိုင်းက အမှတ် (၉၀) ရပ်ကွက်ရှိ က​နောင်မင်းသားကြီးလမ်းနှင့် ရတနာသိင်္ဃလမ်း​ထောင့်တွင် စစ်​ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အ.ထ.က (၅) Quarantine Center သို့ အလှူရှင်များမှ အလှူငွေများနှင့် အစာအာဟာရများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက် အ.ထ.က(၅)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူ များထားရှိရန် သီးသန့်ဖွင့်လှစ်ထားသည့် Quarantine Center ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များ မှ အလှူငွေများနှင့် အစာအာဟာရများကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

We Love Yangon (North Okkalapa) လူထုအခြေပြု ပရဟိတအဖွဲ့မှ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနေ သည့်ကာလ အတွင်း အလုပ်အကိုင်ရှားပါး၍ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကို ယမန်နေ့ နေ့လယ် ၁၂ နာရီက We Love Yangon (North Okkalapa) လူထုအခြေပြုပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်များကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to