စစ်ကိုင်းတိုင်းဒေသကြီးဘုတလင်မြို့၊ ကန်မကြီးကန်ပတ်လမ်းတစ်လျှောက်တွင် အာရုံခံ ဆင်ဆာ စနစ်ဖြင့် မီးလင်း သည့် ဆိုလာ LED မီးတိုင်များ တပ်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ကန်မကြီးကန်ပတ်လမ်းတစ်လျှောက်တွင် အာရုံခံဆင်ဆာ စနစ်ဖြင့် မီးလင်းသည့် ဆိုလာ LED မီးတိုင်များ တပ်ဆင်ထားကြောင်း မြတ်သဒ္ဓါ လူမှုကူညီရေးအသင်းဥက္ကဌ ဦးသိန်းနိုင်ထံမှ သိရသည်။

ချင်းရွှေဟော်မှနေရပ်ပြန်ပြည်သူ(၂၁)ဦးအား သက်ဆိုင်ရာဒေသများသို့ဆက်လက်ပို့ဆောင်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက် မှဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့်မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၂၁)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များမှ ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယမန်နေ့ ညနေ(၄)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်းပို့ဆောင် ပေးခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ (၁) တွင် မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ (၁) တွင် ယမန်နေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျေးသီးမြို့နယ်၌ စားသောက်ဆိုင်များ ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက် နှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်−၁၉ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သားငါးဆိုင်များနှင့် ကုန်စုံဆိုင်များအား အထူးကြပ်မတ်ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဝင်များသည် မြို့မဈေးနှင့်ကုန်စိမ်းနှင့် သားငါးယာယီဈေးတို့ရှိ သားငါးဈေးဆိုင်နှင့် ကုန်စုံဆိုင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကိုဆက်လက် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊မရှိတို့ကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က လိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲကြုံနေရသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း

သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ညောင်ဦးမြို့ မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ များ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်လံအသိပေးနှိုးဆော်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ပတ်သက်၍ပြည်သူတို့တိုက်တွန်းအကြံပြုချက် နှင့် သိရှိလိုက်နာရမည့်အချက်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ပေါ် (၆)ရပ်ကွက်တွင် ယနေ့နံနက်၈နာရီခန့်က လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် Mask၊ Face Shield အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask တပ်ဆင်သွားလာရေးအတွက် အပတ်စဉ်တိုင်း Mask Campaign ပြုလုပ်ပြီး Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီခွဲက မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် C4M Mobile Application အသုံးပြု နည်း သင်တန်းဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအုပ် ဆရာ / ဆရာမများအား စာသင်ကျောင်းတစ်ကျောင်းချင်းအလိုက် အချက်အလက်များ ဖြည့်သွင်း ခြင်း ဆောင်ရွက်ရာ တွင် C4M Mobile Application အသုံးပြုနည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက စေတုတ္တရာမြို့ အ.ထ.က ကျောင်း ခန်းမဆောင်တွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရ သည်။
Subscribe to