အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အသစ်ပြန်လည်ရွေးချယ်မည့်ကိစ္စနှင့် ပတ်သက်၍ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ အသိပညာပေး ဆွေးနွေးခြင်း ကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jan 12,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  အသက်မွေးဝမ်းကျောင်း ထောက်ပံ့ရန်ပုံငွေဖြင့် ခေါင်းလျှော်ရည် ဆပ်ပြာချက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက  နတ်မောက်ကျေးရွာအုပ်စု၊ ရေဝင်ရွာကြီးကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jan 12,2021
ကျေးလက်နေပြည်သူများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်ရှိန်မြင့်မား တိုးတက်လာစေရန် အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရွှေလှေချောင်(တွံ) ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာတွင် သုတဆုံရာကျေးလက် စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက
Jan 12,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ခြံကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ယနေ့ နေ့လယ်ပိုင်းက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက် သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
Jan 12,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ပန်းညို-ကန်လေးကုန်း-မြင်းတဲကြီးနှင့် မြင်းတဲကြီး-ဗွက်ကျင်း-ဒီးဒုတ် ခင်ကျေးရွာ ကျေးရွာချင်းဆက် ကိုယ့်အားကိုယ်ကိုးမြေသားလမ်း ဖောက်လုပ်ပြီးစီးကြောင်း သိရသည်။
Jan 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ခရီးသွားရာဇဝင်မရှိပဲ မြို့နယ်တွင်း အနံ့ပျောက်သူများနှင့် အဆိုပါအနံ့ပျောက်သူများမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုများ များလာသဖြင့်၊ ယမန်နေ့နေ့ ည(၉)နာရီအချိန်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် မြို့တွင်းရှိ ရပ်ကွက်များ၊ လမ်းများတွင် ပြည်သူသို့ အသိပေးမေတ္တာရပ်ခံချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Jan 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျောက်တိုင်ကျေးရွာအုပ်စု၊ မူးကန်းလေး ကျေးရွာတွင် သံမယိုခြံ စိုက်တောင်သူများ အပိုဝင်ငွေရရှိကာ မိသားစု စားဝတ် နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။