အမြို့မြို့အနယ်နယ်သတင်းများ

Jan 08,2021
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် - ၁၉ အတည်ပြုလူနာ (၉) ဦး ထပ်မံတိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Jan 08,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက် နေပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ်စေရန် သောက်သုံးရေကန်များအား ခြံစည်းရိုးကာရံ ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ခရိုင်ကျေးလက် ဦးစီးမှူး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနတာဝန်ရှိ သူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jan 08,2021
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြုငွေဖြင့် အုံးနှောက်- မြစ်ကိုင်းနှင့် ကျင်း- အထက်ကျော်ကြားတွင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား ဂန့်ဂေါခရိုင် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင် ၊ တာဝန်ရှိသူများတို့နှင့်အတူ ဇန်နဝါရီ ၇ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jan 08,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင် ကာကွယ်ထိန်းချုပ်ရေး အတွက် အမှတ် ၁၀ ရပ်ကွက်ရှိ သံလွင်စျေးနှင့် လူစည်ကားရာနေရာများ တွင် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။