Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့်ပြည်သူများဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jan 08,2021
နွားထိုးကြီးမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်းပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်၊ လျှပ်စစ်ကျွမ်းကျင်-၃ ဦးကျော်အောင် ဦးဆောင်မှုနှင့် ဝန်ထမ်းများအဖွဲ့က ပြင်စည် ဓာတ်အားပေးခွဲရုံမှ ဖီဒါ-၃ ဖြင့် လျှပ်စစ်ဓာတ်အားအသုံးပြုသော ၁၁-ကေဗွီ ဓာတ်အားလိုင်း တစ်လျှောက် ကွင်းဆင်းစစ်ဆေးသွားရောက်ပြီး၊ မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်ရန် စစ်ဆေးဆောင်ရွက်
Jan 08,2021
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ် သင်္ဘောအင်းကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ကွန်ကရစ်ဘောင် သဲကျောက်လမ်း သစ်ဖွင့်ပွဲကျင်းပ
Jan 08,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းမှ ကွန်ကရစ်ဘောင် သဲကျောက်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် သင်္ဘောအင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့်အနီးဝန်းကျင်ရှိဈေးဆိုင်များကို ရက်သတ္တ(၁)ပတ်ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ…
Jan 08,2021
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးကို၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်နိုင်စေရေးနှင့် ဒေသတွင်းကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက်၊ ရက်သတ္တ(၁)ပတ်ကြာယာယီပိတ် သိမ်းထား မည်ဖြစ်ကြောင်းကို၊ ၂၀၂၁-ခုနှစ်၊ ဇန်နဝါရီ(၇)ရက်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ ဇန်နဝါရီ(၈)ရက်နေ့ နံနက်(၆)နာရီက မြို့တွင်းလှည့်လည်ကြေညာခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေနုတ်မြောင်းလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Jan 08,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေနုတ်မြောင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Jan 08,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် များ ပထမ အကြိမ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခြင်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာ၌ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၆၀) ရာခိုင်နှုန်းပြီးစီး
Jan 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ အုပ်စု၊ မဲကတောခီးကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ တတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၆၀) ရာခိုင်နှုန်းပြီးစီးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်(ပန်းဆိုးတန်း) ဆိပ်ကမ်း၌ Stop COVID-19 အဝါရောင် Campaign လူထုလှုပ်ရှားမှု ဆောင်ရွက်
Jan 08,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေးအတွက် ရည်ရွယ်၍ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ချယ်ရီရေယာဉ် စီးနင်းလိုက်ပါလာကြသော ခရီးသွားပြည်သူများ အား ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေး၊ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေးပါ စာတမ်းပါ အဝါရောင် Campaign အထိမ်းအမှတ် အင်္ကျီများ၊ နှာခေါင်းစည်းများနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်း စသည့် Stop COVID-19 အဝါရောင် Campaign လူထုလှုပ်ရှားမှုကို ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်က ပန်းဆိုးတန်းသင်္ဘောဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27807
Page
27808
Page
27809
Page
27810
Current page
27811
Page
27812
Page
27813
Page
27814
Page
27815
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department