Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရပ်ကွက်ပြည်သူများ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်ခြင်း အသိပညာပေး ကမ်ပိန်းဆောင်ရွက်
Jan 08,2021
မြို့ရွာသန့်ရှင်းကာ ကျန်းမာရေးနှင့်ညီညွတ်စေရေး ရပ်ကွက်ပြည်သူများအမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်ခြင်း အသိပညာပေးကမ်ပိန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လောကအလင်း NGO အဖွဲ့တို့ ပူးပေါင်းကာ ကော့သောင်းမြို့ ၊ သီရိမြိုင်ရပ်ကွက်အတွင်း ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်ရိုးရာ ကြံသကာချက်လုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေးအဆင်ပြေ
Jan 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်လယ်ယာစိုက်ပျိုးခြင်းမှ မိသားစုတစ်ပိုင် တစ်နိုင်ရိုးရာလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ ရာသီပေါ်ကြံသကာချက် လုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြုလူနာ (၅)ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိ
Jan 08,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဇန်နဝါရီ ၇ ရက် ၊ ညနေပိုင်းက ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာများတွင် (၅)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံတားမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
Jan 08,2021
ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ဆောင်ရွက်
Jan 08,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင် သွားလာရေးလှုပ်ရှားမှု Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက မော်တင်ယာယီ စျေးရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့အထွေထွေရောဂါကုဆေးရုံကြီးသို့ ကျန်းမာရေးသုံးစက်ပစ္စည်များနှင့် အလှူငွေများပေးအပ်လှူဒါန်း
Jan 08,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်၁၉ရောဂါပိုးတွေ့လူနာများနှင့် အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ကုသနိုင်ရန်အတွက် ကျန်းမာရေးသုံးစက်ပစ္စည်းများနှင့်အလှူငွေများကို ယနေ့ နံနက် ၁၀နာရီက အဆိုပါဆေးရုံ အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းကြသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့နယ် ထီးဝါးဆူးခိကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်း
Jan 08,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် နောင်တပွဲကျေးရွာအုပ်စု၊ ထီးဝါးဆူးခိကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ကတ္တရာလမ်း တိုးချဲ့ခြင်း လုပ်ငန်းနှင့် ရေလွှဲဆည်ရေငြိမ်ကန်တည်ဆောက်ခြင်း လုပ်ငန်း များကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသက်လွင်တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27808
Page
27809
Page
27810
Page
27811
Current page
27812
Page
27813
Page
27814
Page
27815
Page
27816
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department