အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2020
လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာတွင် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံအဖြစ် ခရမ်းချဉ်သီး၊ ဂေါ်ဖီပန်း၊ ဂေါ်ဖီထုပ်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိသည်။
Dec 29,2020
နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက် ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့မဈေးအနီးရှိ ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့သည်။
Dec 29,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်များတွင် ဆေးရောင်းချ ခွင့်လိုင်စင် ရှိ/မရှိနှင့် မှတ်ပုံတင်မထားရှိသောဆေးဝါးများ ရောင်းချ နေခြင်း ရှိ/မရှိ၊ တားမြစ် ဆေးဝါးများ တရားမဝင်ရောင်းချနေခြင်း ရှိ/မရှိ အခြေအအနေ အမှန်ကို သိရှိနိုင်ရန် မြို့နယ်ဆေးဝါး ကြီးကြပ်ရေးအဖွဲ့မှ ယနေ့ နံနက် ၉ နာရီ အချိန်က မြို့ပေါ် ရပ်ကွက်ဖြစ်သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိဆေးဆိုင်များသို့ ရုတ်တရက် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Dec 29,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက် လျက်ရှိရာ ကြီးဝကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Dec 29,2020
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်ရှိ Facility Quarantine များတွင် သီးခြားခွဲထားသော ပြည်တွင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်း၊ အာခေါင်တို့ပတ် နမူနာ ရယူ စစ်ဆေး ခြင်းကို ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 29,2020
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာများမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ဆင်တပ်ကျေးရွာ တောင်သူ ဦးညွန့်ဝင်း၏ နေအိမ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံစိုက် တောင်သူများအား သဘာဝပိုးပြေး ဆေးပြုလုပ် သုံးစွဲနည်းများ လက်တွေ့သရုပ်ပြဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
Dec 29,2020
နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် (A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ နမ္မတူရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။
Dec 29,2020
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီက နိုင်ငံ တစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program - NCMP) ရှင်းလင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ကြောင်းသိရသည်။