အမြို့မြို့အနယ်နယ်သတင်းများ

Jan 01,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် မြို့မဈေးတို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်ထုတ်ဝေသော (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
Jan 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာတွင် ယမန်နေ့က ကျွန်းပင် ရိပ်သာ ဆရာတော်ပိုင် ဧရာဝတီ ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသည့် အခြေခံပညာကျောင်း အဆောက်အဦးနှင့် ကျောင်းဝင်မြေ လှူဒါန်းပွဲကို အဆိုပါ ကျောင်းဆောင် တွင် ကျင်းပပြုလုပ်သည်။
Jan 01,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစာခွန့်ကျေးရွာအုပ်စု၊ ညောင်ဖြူကျေးရွာ ရွာအဝင်ကတ္တရာ လမ်းနှင့် ရေလှောင်ကန်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ ကတ္တရာလမ်းထိပ် မုခ်ဦး၌ ကျင်းပ ပြုလုပ်ခဲ့ သည်။
Jan 01,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူ မြို့နယ်၊ ပန်ဟိုက်ရပ်ကွက်(၈)တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့က မီးဖိုမီးကြွင်း/မီးကျန်မှ မီးလောင်ကျွမ်းပျက်စီးခဲ့သော နေအိမ်(၁)လုံးအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၈)၌ ဆောင်ရွက်ခဲ့သည်။
Jan 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်(၉)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jan 01,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၏ အသက်သွေးကြောပမာ အမီပြုနေထိုင်ကြရသော ပွန်ချောင်းရေသည် ထူးကဲစွာ ကျဆင်းပြီး ရေအောက်ကျောက်ဆောင်များ ပေါ်ထွက်သည့်အထိ ဖြစ်ပေါ် နေသည်။
Jan 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၅)၊ အမှတ်(၁)ကို ယမန်နေ့ နံနက်ပိုင်းက ဆိပ်ကမ်းသာပန်းခြံနှင့် လူစည်ကားရာနေရာ ကမ်းနားလမ်းတို့တွင် လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရ သည်။
Dec 31,2020
၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းနိုင်ရေးအတွက် အမျိုးသားလျှပ်စစ် ဓါတ်အားရရှိရေး စီမံကိန်း( NEP- National Electrification Plan )အရ မဟာဓါတ်အားလိုင်း (၁၀)မိုင်နှင့် အထက်ကွာဝေးသော ကျေးရွာများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မဟာဓါတ်အားလိုင်း မရောက်မီ မီးလင်းနိုင်ရေး အတွက် မဟာဓါတ်အားလိုင်း(ပြင်ပ) တစ်အိမ်သုံးဆိုလာစနစ်( Solar Home System) ဖြင့် မီးလင်းရေးလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဘုံချောင်းကျေးရွာတွင် ( မီးလင်းရေးလုပ်ငန်း) တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ ကျေးလက်နေပြည်သူများ မီးရရှိသုံးစွဲနိုင်ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။