အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် Facility Quarantine ဝင်ရောက် နေသူများအား ကိုဗစ်−၁၉ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမှုနာများရယူခြင်းကို ယနေ့နံနက် (၉)နာရီ က သက်ဆိုင်ရာ Quarantine ထားရှိသည့်နေရာများတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Dec 29,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဒေသ ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ပြည်နယ်)ရန်ပုံငွေ ခွင့်ပြုငွေကျပ် (၉.၂၇၀) သန်း ဖြင့် မဲသမူး-မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော မြေသား လမ်းပေါ်တွင် အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၂၆)လက်မရှိ Box Culvert (၂)ခုကို ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
Dec 29,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၁၅)ဦး သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့နံနက်(၁၀)နာရီက ဆေးရုံဆင်းခွင့်ရရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။
Dec 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် Quarantine Center များတွင် ဆောင်ရွက်လျက်ရှိသော Volunteer များအတွက် ကျန်းမာရေးအထောက်ကူပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 29,2020
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ A အဆင့် သတ်မှတ်ခံရသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက် များနှင့်အညီ ဖွင့်လှစ်ရောင်းချနေမှုရှိ/မရှိတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီနှင့် စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က ယနေ့နံနက်က ကွင်းဆင်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။
Dec 29,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ရေပူကြီးကျေးရွာ အုပ်စု လေးတိုင်ကျေးရွာ၌ ယမန်​နေ့မွန်းလွဲ ၁:၀၀ နာရီ အချိန်တွင် ကျေးရွာမီးလင်းရေး လုပ်ငန်း များအား တာဝန်ယူဆောင်ရွက်မည့် ကန်ထ ရိုက်တာ ရွေးချယ်ခြင်းအတွက် ဝယ်ယူရေးနည်းလမ်း အကဲဖြတ် အစည်းအဝေးကို ပြုလုပ်ခဲ့သည်။
Dec 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား ယနေ့နံနက် (၁၀)နာရီအချိန်ခန့် က နမ့်ပန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 29,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ဈေးများတွင် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်၈ နာရီက နန်းတော်ရှေ့ဈေး၊ ညောင်ပင်ဈေး၊ အိုးဘို ဘူတာဈေးတို့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။