အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2020
မီးဘေးအန္တရာယ်ကင်းရှင်း‌စေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန် တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် တပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လက်ပန် နန်းခလဲကျေးရွာ‌ ရှိနေအိမ်များတွင် မီးဘေး အန္တရာယ်ကင်းဝေးစေရေး လိုက်လံစစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီငြှိမ်းသတ်ခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
Dec 29,2020
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်သူ့ဈေးတွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်ခန်းများ မီးဘေး အန္တရာယ်ကင်းရှင်းစေ ရေးအတွက် ယမန်နေ့ နံနက်(၁၀)နာရီတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 29,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ် ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Dec 29,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့ရှိ အထည်ချုပ်စက်ရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိသူတစ်ဦးနှင့် ထိတွေ့သူ တရုတ်နိုင်ငံသူတစ်ဦးအပါအဝင် အမျိုးသမီး လေးဦးတို့တွင် ရောဂါ ကူးစက်ခံထားရ ကြောင်း စိစစ်တွေ့ရှိချက်များအရ အထည်ချုပ်စက်ရုံ အား ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စ၍ တစ်ပတ်ကြာ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
Dec 29,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် နည်းပညာအဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 29,2020
မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင် သွားတော်ဓာတ်နှင့် ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများအတွက် အလှူရှင်များမှ အလှူငွေများအား တတိယအကြိမ်ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက အဆိုပါရင်ပြင်တော်ရှိ ပဋ္ဌာန်းဓမ္မာရုံတွင် ကျင်းပသည်။
Dec 29,2020
မီးလောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်နှင့် ပြည်သူများ အသက်အိုးအိမ်များ မဆုံးရှုံးစေရေးအတွက် မီးကိုစနစ်တကျ သုံးစွဲတတ်စေရန် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ လိုက်နာရမည့် အချက်များကို ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး ရပ်ကွက် အသီးသီးတွင် မီးသတ်ယာဉ်ဖြင့် ရက်သတ္တပတ်လျှင် ၂ ရက် အသိပေး လိုက်လံနှိုးဆော် လျက်ရှိကြောင်း သိရသည်။