Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာအချို့တွင် ရေအရောင်ပြောင်းလဲခြင်း ဖြစ်ပေါ်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများအား အသိပေးရှင်းလင်း
Dec 27,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ကမ်း ကျေးရွာများရှိ ရေတွင်းရေကန် အင်းအိုင်အချို့တွင် ရေအရောင် ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ကျေးရွာသူ၊ ကျေးရွာသားများအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပန်းကုန်းကျေးရွာအုပ်စု၊ ကော့ပတိုင်ကျေးရွာ အလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး
Dec 26,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အား မရရှိသေးသူပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ကျောက်စုကျေးရွာတွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ရေးအတွက် ယနေ့နံနက် ၁၁ နာရီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်း Mask များ လှူဒါန်း
Dec 26,2020
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် ကုသရေး ကျောက်ထုမြို့အဆင့်ကော်မတီ၏ အစီအစဉ်ဖြင့် ကျောက်ထုမြို့ဝင်၊ မြို့ထွက်နေရာများ၌ ဂိတ်များဖွင့်လှစ်၍ မော်တော်ယာဉ်များ၊ ခရီးသွားများအား ကျန်းမာရေးစစ်ဆေးပေးလျက်ရှိကာ လက်သန့်ဆေးရည်များ အသုံးပြုရေး၊ လက်ကို ရေနှင့်ဆပ်ပြာနှင့် စနစ်တကျဆေးကြောရေး၊ ပြင်ပသို့ထွက်ခွါတိုင်း နှာခေါင်းစည်းများ တပ်ဆင်ရေးတို့ကို ပညာပေးဆွေးနွေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုမှ မူဆယ်ဒေသ၊ နယ်စပ်ဖြတ်ကျော် မြန်မာ-တရုတ်ကုန်သွယ်မှုသည် ကုန်သွယ်မှုပမာဏအများဆုံးဖြစ်
Dec 26,2020
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁၂)ဘီလီယံကျော်ကုန်သွယ်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးကုန်သွယ်မှုပမာဏ၏ သုံးပုံတစ်ပုံကျော်ခန့်သည် တရုတ်နိုင်ငံ နှင့်ကုန်သွယ်မှုဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ် ပေါင်းတလည်မြို့တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်
Dec 26,2020
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ပေါင်းတလည်မြို့တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Dec 26,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ အောင်သပြေ ကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီ ၃၀ အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဥပဒေနှင့် အညီစနစ်တကျ ပြန်လည်ရွေးချယ်ရန် တွေ့ဆုံ ညှိနိူင်းအစည်းအဝေး ကျင်းပ
Dec 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဥပဒေနှင့် အညီစနစ်တကျ ပြန်လည်ရွေးချယ်ရန် တွေ့ဆုံညှိနိူင်း အစည်းအဝေး ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ် အတွင်းရှိ နွေရာသီရေမလုံလောက်သည့် ကျေးရွာများအား ရေသွယ်တန်းနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 26,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးပြည့်ဦးကိုကို နှင့် အင်ဂျင်နီယာများပူးပေါင်း၍ နွေရာသီတွင် ရေမလုံလောက်သည့် ဘာဘူကုန်းကျေးရွာတွင် ရေသွယ်တန်းပေးနိုင်ရေး အတွက် Survey တိုင်းတာ ခြင်းလုပ်ငန်းများကို ယမန်နေ့ နေ့လယ် ၂နာရီက ဘာဘူကုန်းကျေးရွာ ရှိ ရေရ ရှိနိုင်မည့်နေရာများ သို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27860
Page
27861
Page
27862
Page
27863
Current page
27864
Page
27865
Page
27866
Page
27867
Page
27868
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department