Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း
Dec 31,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ မန်ဟွေရွာမှ ချုံးဟောင်းကျေးရွာ ချင်းဆက်လမ်း ၄ မိုင် မြေသားလမ်း ဖောက်လုပ်နေမှုအား ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဉီးကျော်သက်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ ရွာသစ်ရပ်ကွက်တွင် ဈေးဆိုင်ခန်း မီးလောင်မှုဖြစ်ပွား
Dec 31,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ယမန့်နေ့ည ၁၂ နာရီ ၅ မိနစ်အချိန်က ရွာသစ်ရပ်ကွက် ဘုရားကြီးလမ်းရှိ ဈေးဆိုင်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသဖြင့် မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကိုကိုနိုင် အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်(၂၆)ဦးမှ ရေသယ်ယာဉ်(၂)စီး မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် မီးသတ်စက်ယာဉ်(၁)စီး တို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာသစ်(၁၂)ဦးထပ်တိုးတွေ့ရှိ အသက် ၇၆ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ(၁)ဦးသေဆုံး
Dec 31,2020
မကွေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာသစ် (၁၂)ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး၊ မကွေးသင်ကြားရေး ဆေးရုံကြီးတွင် တက်ရောက်နေသော ချောက်မြို့နယ်၊ ကုန်းကြီးရွာမှ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦး ယနေ့မနက်ပိုင်းက သေဆုံးသွားကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
လာအိုနိုင်ငံမှ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၄၀ ဦး ပြန်လည်ဝင်ရောက်
Dec 31,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းသို့ လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းမှ ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၄၀ ဦးသည် ယမန်နေ့က ပြန်လည် ဝင်ရောက် လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ် ရွှေတောင်ငွေတောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာအသစ် ဆောက်လုပ်နေမှု ရာနှုန်းပြည့်ပြီးစီး
Dec 31,2020
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ရွှေတောင်ငွေတောင် ကျေးရွာတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အသစ် ဆောက်လုပ်နေသော ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှုမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
Dec 31,2020
ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်း အဝေးအမှတ်စဉ်(၈/၂၀၂၀)နှင့် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း ကော်မတီအစည်းအဝေး အမှတ်စဉ်(၇/၂၀၂၀)ကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ/မွမ်းမံ) ယူနီဆက်၊ နိုင်ထောင်လုပ်ငန်းများ စာချုပ်ချုပ်ဆို
Dec 31,2020
ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ/မွမ်းမံ) ယူနီဆက်၊ နိုင်ထောင်လုပ်ငန်းများ စာချုပ်ချုပ်ဆိုခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် ကျေးလက်ဦးစီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဖယ်ခုံမြို့နယ် စည်ပင်သာယာရေးဌာန၏ ငွေလုံးငွေရင်း လုပ်ငန်းများ ဆောင်ရွက်ရန်ဆွေးနွေး
Dec 31,2020
တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း လုပ်ငန်းများ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲအတည်ပြုရေး အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27856
Page
27857
Page
27858
Page
27859
Current page
27860
Page
27861
Page
27862
Page
27863
Page
27864
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department