Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေကြည်မြို့နယ် မွေးမြူရေးအဖွဲ့ချုပ်မှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး စားသောက်ကုန်များ လိုက်လံရောင်းချပေး
Dec 28,2020
မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဧရာဝတီတိုင်းဒေသကြီး၏ လမ်းညွှန်မှုဖြင့် ရေကြည်မြို့နယ် မွေးမြူရေးအဖွဲ့ချုပ်မှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ဘဲဥနှင့် ကြက်သား များကို ယနေ့နံနက် (၇) နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာများသို့ ဈေးရောင်းကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးလင်းမြို့နယ်တွင် ဆောင်းသီးနှံ ရေဆင်း(၁)စပ်မျိုးနေကြာ စိုက်ပျိုး
Dec 28,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ဆောင်းသီးနှံ ရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ပျိုးလျက်ရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၌ ငှက်ပျောတင်ယာဉ်(၂)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိ
Dec 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၈၇)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၆၁)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ၌ ၁၂ ဘီး ငှက်ပျောတင်ယာဉ်(၂)စီးမှ မတ္တရာမြို့နယ်၊ သပြေတိုက် ကျေးရွာဇာတိ၊ လက်ရှိ ဗန်းမော်(၃)မိုင်ကားကွင်း ယာဉ်ပေါ်တွင်နေထိုင်သော ယာဉ်မောင်းအမျိုးသား(၁)ဦးနှင့် ကောလင်းမြို့၊ ကျော်ဇေယျာ(၁)၊ ဝါးရုံတုန်း ရပ်ကွက်တွင် နေထိုင်သော ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက လယ်ယာစွန့်ပစ်ပစ္စည်းများ အသုံးပြုပြီး EM သဘာဝ မြေသြဇာ ပြုလုပ် သုံးစွဲနည်းများ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်ပေး
Dec 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက သီးနှံစိုက်ခင်းများအတွင်း လယ်ယာစွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး EM သဘာဝမြေသြ ဇာ အဖြစ် ပြုလုပ် သုံးစွဲနည်းများကို လက်တွေ့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသအတွင်းရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲ ကျင်းပ
Dec 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် နာဂဒေသ (လေရှီး၊လဟယ်၊ နန်းယွန်း) အတွင်း မြို့နယ်များတွင် ဆောင်ရွက်မည့် အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက နာဂဦးစီးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် စည်ပင်သာယာကော်မတီဝင်များ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေ ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Dec 28,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှပ်ပင်မြို့ လူငယ်ကွန်ယက်မှ ကြီးမှူးကျင်းပသော စည်ပင် သာယာကော်မတီဝင်များ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စိုးမိုးရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူ (၃၁)ဦး အား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်
Dec 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၃၁)ဉီးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် ယနေ့ နံနက်(၁၁)နာရီခွဲအချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အစဉ်အမြဲ စွမ်းရည်ပြည့်ဝစေရန် အပတ်စဉ်လေ့ကျင့်မှုများဆောင်ရွက်
Dec 28,2020
ရွှေတောင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက် တာဝန်ကြီး(၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နေရာ မီးဘေး အန္တရာယ်မှ ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအတွက် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများအား အပတ်စဉ် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27859
Page
27860
Page
27861
Page
27862
Current page
27863
Page
27864
Page
27865
Page
27866
Page
27867
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department