အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် မြေယာမဲ့တောင်သူများကို ဖြန့်ဝေပေးနိုင်ရန် မြေလွတ်မြေရိုင်း ဧက(၁၀၀၀)ကို ဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကိုကိုထံမှ သိရသည်။
Dec 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် စည်ပင်သာယာရေးဦးစီးဌာနမှ ပထမ (၆)လပတ် ငွေလုံး ငွေရင်းဖြင့် မြို့တွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 28,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဖိုးခမှီဒေါင့်ကျေးရွာတွင် မောင်နှမသုံးဦး သေတ္တာထဲဝင်ရောက်ကစားကြရာမှ အသက်ရှူကြပ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
Dec 28,2020
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ချုပ်ရ​ဒေသ လေရှိးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံ နက် ၁၀ နာရီအချိန်တွင် အောင်မင်္ဂလာ နှင့်ရေဒေါင်ကျေးရွာတို့တွင်မြို့နယ်ကျန်းမာရေးဦးနာနမှဦးဆောင်၍ ပြုလုပ်​ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Dec 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးရုံး၌ လက်တွေ့လေ့ကျင့် ခဲ့ကြပါသည်။
Dec 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ ယမုံနာလမ်း၊ မော်တင် ယာယီစျေး ရပ်ကွက်ရှိ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ အငှားမော်တော်ယာဉ် လိုင်စင်အသစ် ဝန်ဆောင်မှုလုပ်ငန်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်း ဦးဆောင်၍ ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ မြို့မကျေးရွာအုပ်စု၊ ဝမ်ပန်စံပြကျေးရွာ၌ ကျေးလက်ဒေသ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား ယမန်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်ခန့်က ဝမ်ပန်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် စံပြကျေးရွာအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။