အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2020
Dan Church Aid – Norwegin Church Aid (DCA-NCA) ၏ ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မိုင်းမုကျေးရွာနှင့် ကောင်းဟုန်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့သည်။
Dec 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံး ဆောက်လုပ် နေမှု မြေပြင်အခြေအနေများကို ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန် ခန့်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တည်ဆောက်ရေး ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 28,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်တွင် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက လူနေအိမ်များ၊ ဂိုထောင်များနှင့် စျေးဆိုင်များအား မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေးမှုများ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
Dec 28,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်၌ ယမန်နေ့က ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံရသူ ၁၇ ဦး ထပ်မံတွေ့ရှိသည်။
Dec 28,2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ (၄၆)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းမပေါ်တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀:ဝဝ)နာရီအချိန်ခန့် က မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
Dec 28,2020
ကရင်ပြည်နယ် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ရုံးအဆောက် အဦ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ သောင်ရင်းခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ် ပေးသည်။