အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် မာရီစတုပ်(စ်)မြန်မာ (MARIE STOPES MYANMAR)နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှု များကို လူတိုင်းလက်လှမ်းမီမီ ရရှိနိုင်စေရေးအတွက် လူထုကျန်းမာရေးလုပ်သားအခြေခံသင်တန်း (CHW Basic Training)ဆင်းပွဲ အခမ်းနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 25,2020
မိုးစပါးများ ရိတ်သိမ်းချွေလှေ့ပြီးစီးပြီဖြစ်သည့်အတွက် တောင်သူများသည် မိမိတို့လယ်မှ ထွက်ရှိသည့် ကောက်သစ်စပါးများကို ကြိတ်ခွဲကာ ကောက်သစ်ဆန်များကို ရောင်းချခြင်းဖြင့် ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
Dec 25,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့က သက္ကလအသင်း ကျေးရွာအုပ်စု၊ အောင်နိုင်လေးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 25,2020
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေး၊ မီးငြှိမ်းသတ်ရေးဆောင်ရွက်ရာတွင် ရေလုံလောက်စွာရရှိရေးနှင့် ရေရရှိနိုင်သည့်နေရာများ၌ အသင့်ဖြစ်စေရေးအတွက် မြိတ်မြို့ ရပ်ကွက်များတွင် တပ်ဆင်ထားသည့် မီးငြိမ်းသတ် ရေပိုက်ငုတ်များနှင့် ရေရရှိနိုင်သော နေရာများအား ဒီဇင်ဘာလ(၂၄)ရက် က မြိတ်ခရိုင် မီးသတ်ဦးစီးဌာမှူး ဦးဇော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Dec 25,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်ကူပြုစေရန်အတွက် နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ကို ယနေ့နံနက် တွင် လက်ပံတန်းမြို့နယ် ကျွန်းကလေးတာဆုံ ရဲကင်းရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
Dec 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မီးသတ်စခန်းဝန်ထမ်းအိမ်ယာ လေးခန်းတွဲ နှစ်ထပ်ဆောင်သစ်ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်စခန်း ဝန်ထမ်းအိမ်ယာဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 25,2020
ကျိုက်မရောမြို့နယ် ငပုအင်းကျေးရွာအုပ်စုရှိ ဖရဲဖာထော် အခြေခံပညာမူလတန်း နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကျိုက်မရောမြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးတို့က ကျောင်းဆောင်သစ် ပြီးစီးမှုအား ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Dec 25,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင် ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၁၂)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၂၀)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။