Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝန်းသိုမြို့နယ်ရှိ “ကျောက်မြို့ဟောင်း”သို့ ဒေသန္တရလေ့လာရေးခရီး လွယ်ကူစွာသွားလာနိုင်ရေး ဆိုင်ကယ်လမ်းဖောက်လုပ်နေမှုနှင့် ကုန်ထုတ်လမ်းများဖောက်လုပ်နိုင်ရေး ကွင်းဆ…
Dec 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်အစပ် အောင်းပင် ကျေးရွာနှင့် ဂွေးတောက်ကျင်းကျေးရွာတို့တွင် ရှေးယခင်နတ်မြို့ဟု ခေါ်ဆိုကြသော “ကျောက်မြို့ဟောင်း”သို့ ဒေသန္တရခရီး သွားရောက်လည်ပတ်နိုင်ရန်အတွက် ကျေးရွာပြည်သူများ ကိုယ့်အားကိုယ်ကိုး ဆိုင်ကယ်လမ်းဖောက်လုပ် ပြီးစီးမှု အခြေအနေနှင့် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေး တင်ပြလာမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက် ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ စတင်ဆောက်လုပ်ရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဟင်းသီးဟင်းရွက် မုံလာဥသီးနှံစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေ
Dec 25,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများ မုန်းချောင်းရေနှင့် မြေအောက်ရေကို စနစ်တကျ အသုံးချပြီး ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို (နွေ ၊ မိုး ၊ ဆောင်း) စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် မုံလာဥသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း အဆိုပါ ကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Dec 25,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ လိုက်နာဆောင်ရွက်အတွက် ယမန်နေ့ ညနေ ၄ နာရီခွဲက မြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှ တင်ဆက်
Dec 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မိုးင်းခုတ်မြို့၌ ဝမ်ကောင်း-ပါမူကျေးရွာချင်းဆက် ကျောက်ခင်းလမ်းဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေး
Dec 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကျေးရွာ(၇)ရွာ လူဦးရေ(၁၁၇၉)ဦးတို့ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ဝမ်ကောင်း-ပါမူကျောက်ခင်းလမ်း ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောက်ကိုင်မြို့ ဈေးအတွင်း လျှပ်စစ်မီးဝါယာရှော့ မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
Dec 25,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ အမှတ်(၂) ရပ်ကွက်၊ လောက်ကိုင် ဈေးအတွင်း ယနေ့နံနက် ၃ နာရီ အချိန်ခန့်က လျှပ်စစ်မီး ဝါယာရှော့မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးပလပ်တပ်ရာမှ မီးလောင်မှုဖြစ်ပွား
Dec 25,2020
ရန်ကုန်တိုင်းဒေသကြီးရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၅၅)ရပ်ကွက် ဗြဟ္မစိုရ်လမ်းနှင့် ဂရုဏာ(၃)လမ်း ထောင့်တွင် ယနေ့နံနက် ၉ အချိန်ခန့်က မီးပလပ်တပ်ရာမှ မီးလောင်မှုဖြစ်ပွားသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်တပ်ဖွဲ့မှ ငြှိမ်းသတ်ရာ ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြှိမ်းခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27866
Page
27867
Page
27868
Page
27869
Current page
27870
Page
27871
Page
27872
Page
27873
Page
27874
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department