အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ကာကွယ်ရေးနှင့် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကိုဗစ်-၁၉ စောင့်ကြည့်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီသို့ Pact Myanmar Microfinance Fund Institute ညောင်ရွှေရုံးခွဲ တာဝန်ခံနှင့်ဝန်ထမ်းများမှ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်များ၊ ကျန်းမာ ရေးသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ စောင့်ကြည့်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့ကြောင်း သိရှိရသည်။
Dec 25,2020
နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက် ခြင်းကို ယမန်နေ့ နံနက် (၈)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်ရှိ တိုင်းရုံးတံတားထိပ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
Dec 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ ခရစ္စမတ်ပွဲတော်ကျင်းပမည့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၂၄ ရက်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မစျေးသစ်တွင် ပြုလုပ်ခဲ့သည်။
Dec 25,2020
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် သမိုကျေးရွာအုပ်စု ဝေါကျယ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်း (၅၂၈၀ ပေ)နှင့် ရေလှောင်ကန်(အလျား ၁၂ပေ x အနံ ၁၀ပေ x အမြင့် ၅ပေ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ ၁၂,၀၀၀,၀၀ဝိ/- ကျပ်ဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း သိရသည်။
Dec 25,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့် ပြုနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့က ဒုတိယအကြိမ် ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Dec 24,2020
ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ တံတားကြီးကျေးရွာတွင် ရွာသူ ရွာသားများအားလုံးစုပေါင်း၍ အမှိုက်ကင်းစင် ရေး စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် လုပ်ငန်းများအား ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်း က တိုင်း​ဒေသကြီးလွှတ်​တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော် နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။