Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့နယ်အဆင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 25,2020
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မယ်စဲ့မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအလိုက် ရေးဆွဲထားသော ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းစီမံကိန်းများ၏ အဆိုပြုလျာထားချက် အခြေအနေနှင့် ပတ်သက်၍ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းခြင်းနှင…
Dec 25,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းခြင်း နှင့် အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခုတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကွင်းဆင်းစစ်ဆေး
Dec 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ဝမ်ကတ်-ဝမ်လောက် ကျောက်လမ်းခင်း ခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၁၀ နာရီခွဲက ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူတို့ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ပထမ(၃)လပတ်တွင်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်း(၃)ခုရာနှုန်းပြည့်ပြီးစီး
Dec 25,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ် လှည်းတန်းလူမှုကူညီရေးအသင်းသို့ အလှူငွေ (သိန်းခုနှစ်ဆယ်) လာရောက်လှူဒါန်း
Dec 25,2020
ကမာရွတ်မြို့နယ်အတွင်း ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများ တွင် အသုံးပြုလျက်ရှိသည့် အရေးပေါ်လူနာတင်ယာဉ်ကား ဝယ်ယူရန်အတွက် ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလူမှုကူညီရေး အသင်းသို့ ယမန်နေ့ က အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ် စက်ဘီးချစ်သူများမှ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများကျန်းမာ ကြံ့ခိုင်စေရန် အသိပညာပေး စက်ဘီးစီးလှုပ်ရှားမှု ကျင်းပ
Dec 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စက်ဘီးချစ်သူများမှ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန် အသိပညာပေး စက်ဘီးစီးလှုပ်ရှားမှုကို ယနေနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဥဒေါင်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို တက်ရောက်
Dec 25,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ဥဒေါင်းကျေးရွာအုပ်စု ဥဒေါင်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့တွင် တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းအား လူအုပ်စုတိုင်း/ ကလေးတိုင်းသို့ ရောက်ရှိနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများအား အသိပေး…
Dec 25,2020
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအား လူအုပ်စုတိုင်း/ကလေးတိုင်းသို့ ရောက်ရှိနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများအား အသိပေးတင်ပြခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27871
Page
27872
Page
27873
Page
27874
Current page
27875
Page
27876
Page
27877
Page
27878
Page
27879
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department