အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့၊ ​ကြက်တူရွေးကျေးရွာအုပ်စု၊ ကျွန်းစုကျေးရွာ ရွာတွင်းဂ၀ံမြေသားလမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ (၃၀)ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Dec 24,2020
ကိုဗစ် - ၁၉ ​ရောဂါကာကွယ်​ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းက ​မော်လမြိုင်ခရိုင်၊ ကျိုက်​မရောမြို့နယ်ပြည်သူ့​ဆေးရုံ၊ ကျိုက်မ​ရော လူငယ်ပရဟိတအဖွဲ့နှင့် ဖြူစင် နှလုံးသားပရဟိတအဖွဲ့တို့အတွက် ကိုဗစ်-၁၉ကာကွယ် ​ရေးပစ္စည်းများ ​ထောက်ပံ့လှူဒါန်းခြင်းကို ယမန် ​နေ့ ည​နေကမြို့နယ်ပြည်သူ့​ဆေးရုံ အစည်းအ​ဝေးခန်းမ၌ပြုလုပ်သည်။
Dec 24,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့၊ ​ကြက်တူရွေးကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ ရွာတွင်းကျောက်ရော မြေသား လမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ(၂၆)ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Dec 24,2020
တွံတေးတူးမြောင်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စနစ်တကျ ထိန်းသိမ်းရေး၊ ကမ်းပါးတိုက်စားခြင်းနှင့် ရေလွှမ်းမှု ကြောင့် ပျက်စီးဆုံးရှုံးမှု များမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကို လာမည့် ၂၀၂၁ ခုနှစ် အတွင်း စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ အဆိုပါစီမံကိန်းကို ကိုရီးယားနိုင်ငံ EDCF ချေးငွေ အမေရိကန် ဒေါ်လာ ၆၁.၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ ၇.၉၄၂ သန်း၊ စုစုပေါင်း ၆၉.၂၄၂ သန်းဖြင့် အကောင်အထည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
Dec 24,2020
ကျောက်ဆည်ခရိုင် တံတားမြို့ အမှတ်(၃)ရပ်ကွက် နွားကျော်ဒရပ် ၈၀’×၃၀’×၄၄’.၃”ရှိ မီးသတ် ဝန်ထမ်း နေအိမ် (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦးအား ယနေ့နံနက်(၉)နာရီက ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
Dec 24,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ယနေ့နံနက်(၉)နာရီခွဲက မြို့အဝင်အထွက်ဂိတ်များအား သွားရောက် စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Dec 24,2020
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည် ။