အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2020
ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် စာကောင်းပေကောင်း ဖတ်ရှုနိုင်ရန်အတွက် စာရေးဆရာ စိုးဝင်းနိုင်(ကျောက်ဆည်) ရေးသားသော ဘဝရီးကြမ်း လျှောက်လှမ်း နေသူတိုင်းအတွက်နင်လားဟဲ့ဘဝ စာအုပ်ကို စုကလိမြို့ အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းက မြို့ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းသည်။
Dec 24,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအား ယခင် သန်လျင် မြို့၊ မြို့ဟောင်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းမကြီး၌ ဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာမှ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းမှ စတင်ကာ သန်လျင်မြို့၊ ဘုရားကုန်း ကျေးရွာ၊ ဇာမဏီအနောက်ကွင်း၊ သီလဝါလမ်းကြီးဘေးရှိ ခရိုင်ရုံးအသစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်နေပြီဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ရန်ကုန်တောင်ပိုင်း ခရိုင် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
Dec 24,2020
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာတွင် ကျေးလက် ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ(၆၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။
Dec 24,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လုပ်ငန်းများ ဆောင်ရွက် ရန် အတွက် ဆောင်ရွက်မည့် လုပ်ငန်းများအား စာရင်းပြုစုခြင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပင်လယ်ပိုင်း၊ လယ်တောပိုင်း၊ ဥယျာဉ်ပိုင်းခွဲ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 24,2020
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်း လင်းပွဲနှင့် ကော်မတီရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ် (၂)နာရီ က ပြင်ဘုငယ်ကျေးရွာ အလက ကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကုန်းဆုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး တွင် ကျင်းပခဲ့သည်။
Dec 24,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ကာလအတွင်း ကျန်းမာသန့်ရှင်း လတ်ဆတ် သော ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ကျန်းမာစွာအသက်ရှင် နေထိုင် နိုင်ရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားသည့် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် (Home Garden) စိုက်ခင်း စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား အောင်မြင်ဖြစ်ထွန်းမှု ရှိ/မရှိ ဒီဇင်ဘာ ၂၄ ရက် ၊ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် မုန်းနားစုကျေးရွာနှင့် ညောင်ပင်ရွာကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည် ရောက်ရှိလာသူများအား Facility Quarantine Centre (၂)ခုတွင် ထားရှိပြီး swab နမူနာများ ပေးပို့စစ်ဆေးရာမှ ပိုးတွေ့လူနာအဖြစ် ဒေးဒရဲမြို့ရှိ ယာယီဆေးရုံများတွင် ဆေးကုသမှုခံယူပြီး ယနေ့နံနက်ပိုင်းက ရောဂါများ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။