အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်း ဘက်စုံ ဖွံဖြိုးတိုးတက်ရေး စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆိုင်ရာ လျာထားအသေးစိတ် ဒီဇိုင်းများ ရှင်းလင်း တင်ပြခြင်းနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆောင်ရွက်ထား ရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆိပ်ကြီးခနောင်တိုမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ရှင်းလင်းတင်ပြခြင်းနှင့် ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် (၁)နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်ခဲ့သည်။
Dec 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Dec 25,2020
ပုဂံ-ညောင်ဦးမြို့၏ လေထုအရည်အသွေးသိရှိနိုင်ရေး တိုင်းတာစစ်ဆေးခြင်းကို ညောင်ဦးခရိုင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပုဂံ-ညောင်ဦးမြို့နေရာ ၂ ခုတွင် ယမန်နေ့ နံနက်ပိုင်းက အရည်အသွေးတိုင်းတာစက်များဖြင့် လိုက်လံတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။
Dec 25,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီသီးခြား လူနာကုသဆောင်တွင်ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုးတွေ့လူနာများတွင် အမျိုးသမီးတစ်ဦး ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
Dec 25,2020
၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျရောက်ခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ပြည်ထောင်စုနယ် မြေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ယမန်နေ့ နံနက်(၁၁)နာရီခွဲက မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
Dec 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြိုယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်ကာလအတွင်းပုံမှန် ဝင်ငွေမရှိသည့်ပြည်သူလူထုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။
Dec 25,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ပူးပေါင်းပြီး ပြည်သူ့အကျိုးပြု သမဝါယမလုပ်ငန်းအကြောင်း အသိပညာပေး (Talk Show)ကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 25,2020
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် မြဝတီခရိုင် မီးသတ်ဦးစီးဌာနနှင့် သင်္ဃန်းညီနောင် မြို့သစ်လူမှု ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်များသည် အချိန်အခါမရွေး ဖြစ်ပွားနိုင်သည့်အတွက် ရင်ဆိုင်ရသည့် အချိန်တွင် ထိခိုက်နိုင်ခြေ၊ ထိတွေ့နိုင်ခြေတို့အား လျော့နည်းစေရန်နှင့် သဘာဝဘေးအန္တရာယ်အား ကြံကြံခိုင်ရင်ဆိုင် တုံ့ပြန်နိုင်ကြရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ငလျင်ဘေးအန္တရာယ် ဇာတ်တိုက် လေ့ကျင့်မှုကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။