အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ Facility Quarantine Centre များအတွက် ကျပ်(၂၅) သိန်းခန့်တန်ဖိုးရှိ စားသောက်ကုန်များ လှူဒါန်းခြင်းကို ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာ ၂၃ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 25,2020
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခုနှစ် ဆောင်းသီးနှံချေးငွေများကို တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ ငွေကျပ် သိန်းပေါင်း ၃၀၀၀ ကျော် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း အဆိုပါဘဏ်ခွဲတာဝန်ရှိသူထံမှ သိရသည်။
Dec 25,2020
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Dec 25,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး(ဗဟို)မှထောက်ပံ့သည့် အရန်ရိက္ခာဆီ စိုက်ပျိုးရေး ဂိုဒေါင်တွင် သိုလှောင်ထားရှိမှုအား လျော့နည်းပျက်စီးဆုံးရုံးမှုမရှိစေရေးအတွက် ခရိုင်နှင့်မြို့နယ် အရေးပေါ်ရိက္ခာဆီ လက်ခံသိုလှောင်ထိန်းသိမ်းရေး အဖွဲ့များမှ ယနေ့မွန်းလွဲ(၁)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 25,2020
လတ်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှုအား ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် Stay at Home ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှု လျော့ကျစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ပေါက်မြို့ စည်ပင်သာယာဈေး၊ ယာယီပျံကျဈေးနှင့် လူစည်ကားရာနေရာများသို့ သွားရောက်၍ နှာခေါင်းစည်း မဖြစ်မနေ စနစ်တကျတပ်ဆင်ရေး Mask Campaignပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 25,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ(၄)ဦး သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့နံနက်(၁၀)နာရီက ဆေးရုံဆင်းခွင့်ရရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။
Dec 25,2020
ကျေးလက်နေပြည်သူများ ကျေးရွာတစ်ရွာနှင့်တစ်ရွာ သွားလာရာတွင် အခက်အခဲ မဖြစ်ပေါ်စေရေး ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်းခင်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကန်ဘဲ့ကျေးရွာဘုရားလမ်းနှင့် ဗောင်းတော်ချုပ်ဘုရားလမ်းတို့ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို ယမန်နေ့ နံနက်ပိုင်းကအဆိုပါလမ်းပိုင်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ရေး လမ်းအကျယ်နှင့်အရှည်ပေအား ပန္နက်တင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 25,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပညာရေးစီမံခန့်ခွဲရေး သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီသို့ ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဗုဒ္ဓအလင်းရောင်ပါရမီ ဖြည့်အသင်း (စင်္ကာပူ-မြန်မာ)မှ PPEဝတ်စုံ (၂၀)နှင့် ရေသန့် (၁၂၃)ကတ်ကို သဒ္ဒါတရားထက်သန်စွာဖြင့် ယနေ့ နံနက်က လာရောက်လှူဒါန်းခဲ့သည်။