အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ် လျော့နည်းစေရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေး မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်များဖြင့် အသိပညာပေးခြင်း များကို ယမန်နေ့ ည ၇ နာရီက မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ကား ဖြင့် ရပ်ကွက်/ကျေးရွာများ သို့ လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 24,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်အတွင်း အမှိုက်သိမ်း ဆည်းရာ၌ အထောက် အကူဖြစ်စေရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၎င်းတို့၏ လစာငွေများဖြင့် ကျပ် ၃၅ သိန်းတန် သုံးဘီး အမှိုက်သယ်ယာဉ်တစ်စီးအား မြို့နယ်စည်ပင် သာယာ​ရေးအဖွဲ့သို့ ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းစန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
Dec 24,2020
ကော့သောင်းခရိုင်တရားရုံးတွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အကောင်အထည်ဖေါ်ဆောင်ရွက်မည့် နိုင်ငံတစ်ဝှမ်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Progran (NCMP) နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်း ဆွေးနွေးသည့်အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Zoom Application ဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ကျင်းပသည်။
Dec 24,2020
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့နံနက် (၁၀:၀၀)က ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦး၊ ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၇)ဦးတက်ရောက်ခဲ့သည်။
Dec 24,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေး ခန်းမတွင် Social Distancing နှင့်အညီကျင်းပခဲ့ကြောင်း သိရသည်။
Dec 24,2020
ရန်ကင်းမြို့နယ်နေပြည်သူများ သားငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များကို ဈေးနှုန်း သက်သာစွာ ဖြင့် ဝယ်ယူရရှိစေနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရန်နှင့် သန့်ရှင်း လတ်ဆတ်သော စားသောက်ကုန်များကို မိမိတို့ရပ်ကွက်အတွင်း ဝယ်ယူရရှိစေနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီက ရွေ့လျားယာဉ်ဖြင့် မြို့နယ်အတွင်း လိုက်လံရောင်းချပေးခဲ့သည်။
Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် နာရေးကူညီမှုအသင်း အရေးပေါ် လူနာများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုရန် PPE ဝတ်စုံ(၅၀)ကို မင်္ဂလာဒုံမြို့နယ် ကြူစမ်း ရပ်ကွက်နေ ဒေါက်တာရီရီဆွေ (အောင်ချမ်းမြေ့ဆေးခန်း) မိသားစုက ယနေ့နံနက်က လာရောက် လှူဒါန်းကြောင်း သိရသည်။
Dec 24,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇) ကျောင်းရှိသည့် အနက် အထက်တန်းအဆင့် မှန်ကင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် နတ်မောက် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကို ယမန်နေ့ မွန်းလွဲ(၁)နာရီ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးနေဝါ ဦးဆောင်၍ မြို့နယ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီတွင် ပါဝင်သော