အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပန်းသွင်းကြီး ကျေးရွာအုပ်စု၊ ပန်းသွင်းကြီး ကျေးရွာတွင် လျှပ်စစ် မီးလင်းရေး ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
Dec 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် အချိန်တိုအတွင်း ပြည်သူတွေရဲ့ လိုအပ်ချက်ကို အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 24,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြင်းတွင်းကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်းဆောက်လုပ်သည့် ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ ယနေ့ နံနက် ၁၀ နာရီ တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
Dec 24,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့၌ လူစည်ကားရာနေရာများတွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ပြည်သူများမှ နှာခေါင်းစည်းများကိုလည်း မဖြစ်မနေ စနစ်တကျ တပ်ဆင် သွားလာကြရန်အတွက် ယမန်နေ့ညနေ ၄ နာရီခန့်တွင် Mask Campaign လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။
Dec 24,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ကုတင်(၁ဝဝ) ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံမှ အတည်ပြု ပိုးတွေ့လူနာ(၁၃)ဦးသည် ဆေးကုသမှု့ခံယူပြီး (၁၁)ရက် ပြည့်မြောက်သဖြင့် ကျန်းမာရေး ကောင်းမွန်စွာ ဆေးရုံဆင်းခွင့်ရသည်။