အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုရှိ ကမ်းခြေရွာများတွင် ရေလုပ်သားများမှာ ယခုလို မျှင်ရာသီ ချိန်များတွင် မျှင်ကျော့ပိုက်ဖေါင်များဖြင့် ပင်လယ်ပြင်တွင် မျှင်အုပ်များရှာဖွေ၍ မျှင်ကျော့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မျှင်များအပြင် အခြားငါးများပါ ရရှိ၍ ရေလုပ်သားများအဖို့ တွက်ခြေကိုက် ဝင်ငွေကောင်းလျက်ရှိသည်။
Dec 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို ယနေ့နံနက်(၇)နာရီခွဲ အချိန်မှ စတင်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး လျက် ရှိကြောင်းသိရသည်။
Dec 24,2020
ကျေးလက်နေပြည်သူများ မြေပိုင်ဆိုင်ခွင့်ရရှိရေး၊ လယ်ယာမြေပြဿနာများ နည်းပါးရေး မြေယာလုပ်ထုံးလုပ်နည်းများအား ပြည်သူများသိရှိစေရေး ကျေးလက်နေပြည်သူများ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုများပိုမိုရရှိရေး နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်ငွေများ ရရှိစေရေးအတွက် ကျေးရွာမြေများနှစ်(၃၀)မြေငှားဂရန် ထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု မိုင်းယွန်းကျေးရွာ၌ ယနေ့နံနက် ၉ နာရီက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း တိုင်းတာခဲ့ကြောင်း သိရသည်။
Dec 24,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ အဆိုပြုလွှာများဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Dec 24,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၂ နာရီက “ဒစ်ဂျစ်တယ်နည်းပညာဗဟုသုတနှင့် သုံးစွဲမှု အလေ့အကျင့် တို့ မြှင့်တင်" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနဆိုင်ရာ များဖြင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ယမန်နေ့က မြို့မဈေးတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။