Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အမာမြို့၊ မင်္ဂလာသောင်တန်းကျေးရွာတွင် ကျွဲ ၊ နွားများကို လည်ချောင်းကွဲရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေး
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်း ကျေးရွာတွင် အမာမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဝန်ထမ်းများက ကျွဲ၊ နွားများ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းတွင် လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် Facility Quarantine ကန့်သတ်ထားရှိသူများအား ဓာတ်ခွဲ နမူနာများ ရယူခြင်းနှင့် ကန့်သတ်(၁၄)ရက်ပြည့်မြောက်သူများအား နေအိမ်သို့ ပို့ဆောင်ပေးခြင်း…
Dec 23,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ဟူးကောင်းဂင်ဒိုင်မနောကွင်းအတွင်းရှိခန်းမ၌ Facility Quarantine ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ရောဂါရှိ/မရှိ ဓာတ်ခွဲနမူနာများ ရယူခြင်းနှင့် ကန့်သတ်(၁၄)ရက်ပြည့်မြောက်သူများအား နေအိမ်သို့ပို့ဆောင်ပေးခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးဌာနမှ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့တွင် ပူပြင်းသော နွေရာသီကာလ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းဇော် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့အဝင် ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးလင်းမြို့နယ်တွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ်နဂါးမောက် စိုက်ပျိုးသူ များပြားလာ
Dec 23,2020
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ်နဂါး မောက်ခြံ စိုက်ပျိုးလုပ်ကိုင်သူ များပြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်ခင်းခြင်း လုပ်ငန်း (၆၈) ရာခိုင်နှုန်းပြီးစီး
Dec 23,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာရှိ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာလ (၆) ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် (၆၈) ရာခိုင်းနှုန်းပြီးစီးပြီးဖြစ်ကြောင်း ဒေါ်လန်းကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး ဦးတင်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းသာမြို့ Quarantine Centre ရှိ Volunteer များအား PPE ဝတ်စုံ အသုံးပြုနည်း သရုပ်ပြပို့ချ
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ Quarantine Centre ရှိ Volunteer များအား PPE ဝတ်စုံ အသုံးပြုနည်း သရုပ်ပြပို့ချခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ချောင်းသာမြို့ အ.မ.က(၈) Quarantine Centre ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့၌ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Dec 23,2020
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုကို ယနေ့နံနက် (၈) နာရီက လူသွားလူလာ များပြားသည့် နေရာများတွင် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငွေဆောင်မြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်း
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဆောင်ရွက်ခဲ့သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီက ငကွကျေးရွာအုပ်စု၊ သရက်ဝမ်းပူကျေးရွာ တောင်သူဂေါ်ဆဲလ်ဖို၏ ပေါ်ဆန်းဘေးကြား မိုးစပါး စံကွက်(၇)ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27894
Page
27895
Page
27896
Page
27897
Current page
27898
Page
27899
Page
27900
Page
27901
Page
27902
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department