အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ အ .ထ .က (၁) ကျောင်းသား ကျောင်းသူဟောင်းများအဖွဲ့ စုပေါင်းပြီး ဆရာကြီး ဆရာမကြီး (၁၉၃) ဦးအား (၂၈) မြောက် အာစရိယပူဇော်ပွဲအဖြစ် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဒီဇင်ဘာလ ၂၂ ရက်နေ့က စတင်၍ အစဉ်အလာမပြတ် အိမ်တိုင်ရာရောက် လိုက်လံ ပူဇော်ကန်တော့လျက် ရှိကြောင်း သိရသည်။
Dec 23,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်
Dec 23,2020
အလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ ဈေးနှုန်းသက်သာ စွာဖြင့်  စားသောက်ကုန်များကို ဝယ်ယူစား သုံးနိုင်ရေးအတွက် ဈေးရောင်းကား(၈)စီးဖြင့် ယမန်နေ့ နံနက်(၇)နာရီက စတင်ကာ လာရောက် ရောင်းချခဲ့ကြောင်း သိရသည်။
Dec 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း၌ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား တာဝန်ရှိသူများက ဦးဆောင်၍ ယမန်နေ့ည (၂၄:၀၀)အချိန်မှစတင်၍ ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Dec 23,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ထိန်းချုပ်နိုင်ရန် မြိို့နယ်အတွင်း လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် များ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်  မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
Dec 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခြင်းနှင့် ယာဉ်များ စစ်ဆေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
Dec 23,2020
ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်−၁၉ ကူးစက်ပြန့်ပွားမှုအား ဆက်လက် ထိန်းချုပ်နိုင်ရန် အများပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ည(၁၀) နာရီက မြို့နယ်အတွင်းရှိ လမ်းမများ၊ ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Dec 23,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် Stay at Home မြို့နယ်များတွင် ခရစ်စမတ်ကာလနှင့် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုလျော့ကျစေရန် ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ရှိ မြို့အဝင်အထွက်နေရာများတွင် မလိုအပ်ဘဲ နယ်မြေကျော်လွန် သွားလာခြင်းများ မပြုရန် စစ်ဆေးမှုများကို ယနေ့ မွန်းတည့် ၁၂ နာရီက စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။