အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ အမျိုးသား(၂၃)ဦး၊ အမျိုးသမီး(၂၄)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၄၇)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာသီဟ နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များရယူခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန် က ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
Dec 23,2020
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ တောင်သူများ မိုးစပါးအောင်မြင်ဖြစ်ထွန်း၍ စပါး အထွက်နှုန်းများပိုခဲ့ပြီး ယခင်နှစ်ထက် ဈေးအနည်းငယ်ပိုရရှိကြောင်းသိရှိရသည်။
Dec 23,2020
ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် အ-ထ-က(၁) Quarantine Center ၌ ထားရှိသော ပြည်တွင်းမှပြန်လာသူများ၊ ထိစပ်လူနာများနှင့် အနံ့ပျောက်သူများနှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြသော Volunteer များ စားသုံးရန်အတွက် ယနေ့ နံနက်ပိုင်းက ဟင်္သာတခရိုင်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းပြီး မုန့်ဟင်းခါးဘူးများနှင့် ထမင်းဘူးများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်း မြို့ပေါ်နှင့်ကျေးရွာများမှ ပိုးတွေ့လူနာ(၈)ဦး ထပ်မံတွေ့ရှိကြောင်း ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြေးနန်းအရ သိရသည်။
Dec 23,2020
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဒေသခံတောင်သူများသည် ချောင်းရေကို အသုံးပြု၍ ဆောင်း သီးနှံ ပန်းဂေါ်ဖီ စိုက်ပျိုးရေးလုပ်ငန်းအား စိုက်ပျိုးကြရာ စိုက်ပျိုးမှု အဆင်ပြေလျက်ရှိကြောင်း မုဒုံမြို့နယ် ဘဲရမ်းကျေးရွာမှ
Dec 23,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့တွင် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်၂၇နှစ် အရွယ်အမျိုးသား တစ်ဦးCovid-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့အုပ်ချုပ် ရေးမှူးရုံးမှ သိရသည်။
Dec 23,2020
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မီးသတ်ဦးစီးဌာနတွင် ယမန်နေ့ နံနက် ၇ နာရီခန့်က မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပေါ့စား မီးသတ်စက်ကလေး (ရေစို) လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။