အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2020
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုလင်းကြီးကျေးရွာအုပ်စု ပေပင်ရိုး ကျေးရွာရှိ ပေပင်ရိုးကန်အား နွေစပါး မိုးစပါးအတွက် လယ်များအောင်ရရရှိရေး ပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
Dec 23,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်များနှင့် အညီ စလင်းမြို့နယ်အတွင်းရှိ ရေရှားပါးပြတ်လပ်လျှက်ရှိသည့် မကျီးဖျားကျေးရွာအုပ်စု၊ မြင်းခင်းသာကျေးရွာသို့ ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Dec 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် သာသနာ့အလင်းရောင် (တံတားဦးစေတီ) ကျောင်းတိုက်တွင် ဓမ္မစာရီကျောင်းဆောင်သစ် တည်ဆောက်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အစီအစဉ်ကို ယနေ့နံနက် (၉)နာရီခွဲ အချိန်ခန့် က ကျင်းပပြုလုပ်ခဲ့သည်။
Dec 23,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၇)ဦးသည် သတ်မှတ်ရက် (၁၁) ရက် စောင့်ကြည့် ကုသပြီးဖြစ်၍ ယမန်နေ့ညက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မင်္ဂလာသောင်တန်းကျေးရွာရှိ ပိုးတွေ့လူနာနှင့် ဆက်စပ်ရာမှ ကိုဗစ်-၁၉ အတည်ပြုလူနာ(၈)ဦး ဒေးဒရဲမြို့ရှိ ယာယီဆေးရုံများတွင် ဆေးကုသမှုခံယူပြီး ယနေ့ နံနက်ပိုင်းက ရောဂါများ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
Dec 23,2020
မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီ ညွှန်ကြားချက်များနှင့် ပတ်သက်၍ ပြည်သူများလိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေးခြင်းများကို ယနေ့နံနက် (၁၀) နာရီအချိန် က ဆောင်ရွက်ခဲ့ပါသည်။
Dec 23,2020
အလုံမြို့နယ်တွင်းပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော   ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ၊